Kachin News

0 0
Read Time:2 Minute, 58 Second

ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ရန် ဆန်တက်လာသည့် အကြမ်းဖက်စစ်တပ် သင်္ဘော ၅ စီးအနက် ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သား ၄၀ ဦးထက်မနည်းသေဆုံး

 

D Day News

စက်တင်ဘာလ ၁၈

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်အင်အားဖြည့်ရန် ဆန်တက်လာသည့် အကြမ်းဖက်စစ်တပ် သင်္ဘော ၅ စီးအနက် ၃ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီးအကြမ်းဖက်စစ်သား ၄၀ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ရွှေကူမြို့ ဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ ဆန်တက်လာ သော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘော ၅ စီးကို ရွှေကူမြို့အထွက်နေရာ၌ KIA ၊ KPDF ပူးပေါင်း တပ်များ ပစ်ခတ်ဖျက်ဆီးခဲ့ရာ နံနက်ပိုင်းတွင် ၂ စီးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့သို့ ထိခိုက်ပျက်စီး မှုကြောင့်အကြမ်းဖက် စစ်သင်္ဘောများ ရွှေကူမြို့ဘက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။

“ရွှေကူဆိပ်ကမ်းကိုရောက်တာက ၃ ရက်နေ့ကတည်းက‌ ရောက်တာ၊ ၁၂ ရက်နေ့ကလည်း အထက် ကို တက်ဖို့ကြိုးစားသေးတယ်၊ KIA က တိုက်လို့ ပြန်ဆုတ်ရပ်နေတာ၊ မနေ့ကတော့ ရှေ့ဆုံးက စစ် သင်္ဘော နဲ့ နောက်ဆုံးက စစ်သင်္ဘော လက်နက်ကြီးမှန်လို့ ပြန်ဆုတ်လာတယ်။ မနေ့ကတော့ ၁ စီး ကို ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီမနက်ပိုင်းမှာတော့ ၂ စီးကို ပစ်လိုက်လို့ မီးလောင်နေတယ်။ အခုတော့ ကမ်းမှာ ရပ်ထားတဲ့ တစ်စီးကို ထပ်ပစ်နေကြတာ၊ စကစတွေ ဗန်းမော်ဘက် အလွယ်တကူ ရောက်ဖို့ တော့မဖြစ်နိုင်ဘူး”ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိထားကြောင်း၊ ပျက်စီးသွားသည့် သင်္ဘောများကိုလည်း ရွှေကူမြို့ဆိပ်ကမ်း၌ ကပ် ထားကာ ပြင်ဆင်ရန် ကြိုးစားနေကြောင်း သိရသည်။

 

စစ်ကောင်စီ၏ စစ်သင်္ဘောများပေါ်တွင် လက်နက်၊ ခဲယမ်း၊ စက်သုံးဆီနှင့် ရိက္ခာများ တင်ဆောင်လာ ခြင်းဖြစ်ပြီး စစ်သင်္ဘောများပေါ်မှ ကမ်းဘေးတလျှောက် လက်နက်ကြီးဖြင့် ရမ်း သမ်းပစ်ခြင်း၊ လေ ကြောင်း ဖြင့် မြစ်ကမ်းဘေးတလျှောက် ရမ်းသမ်းခြင်းတို့ဖြင့် လုံခြုံရေးယူပေးကာ မန္တလေးမြို့ ဂေါ ဝန်ဆိပ်ကမ်းမှ ဩဂုတ်လကုန်တွင် ထွက်ခွာလာကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီစစ်သင်္ဘောများရေကြောင်း ဖြတ်သန်းစဉ်စဉ် လက်နက်ကြီး၊ လေကြောင်း ဖြင့် တိုက်ခိုက်မှုကြောင့် ကသာမြို့နယ်၊ အင်းရွာလေး၊ ကလုံနှင့် အင်းတို့မှ ပြည်သူ ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *