သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး လက်နက် ၂၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
စက်တင်ဘာလ ၁၇
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်းကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးပြီး လက်နက် ၂၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင် – ကက္ကလမ်းဆုံမှ တပ်ဆုတ်လာသော ဗိုလ်မှူး စန်းယု ဦးစီးသည့် တတက-၁၃ မှ အကြမ်းဖက်စစ်သား အင်အား ၅၈ ဦးပါစစ်ကြောင်းကို သပိတ်ကျင်းမြိုနယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်း စိန်ချောင်းကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ အ ကြမ်းဖက်စစ်သားများ အသုံးပြုသော လက်နက် (၂၁) လက် {ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက်} ၊ ကျည်မျိုးစုံ (၂၁၂၆) တောင့်၊ အီနာဂါ (၆) လုံး၊ လက်ပစ်ဗုံး (၂) လုံး၊ ၄၀ မမ ဗုံးသီး (၅) လုံး၊ ၆၀ မမ ဗုံးသီး (၁) လုံး၊ RPG (၄) လုံး၊ ကျည်အိမ်မျိုးစုံ (၇၁) ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အ ထူးလှုပ်ရှား တပ်ရင်း-၃ ၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
D Day News