Weather News

0 0
Read Time:3 Minute, 56 Second

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိ အားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်မှုတို့ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသ များတွင် မိုးသန်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

 

D Day News

စက်တင်ဘာလ ၁၇

 

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းနှင့် တောင်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိ အားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်မှုတို့ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသ များတွင် မိုးသန်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

 

ယနေ့ စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီအချိန် နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်း ချက်များကို ဆန်းစစ်လေ့လာမှုအရ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့် တောင်ပိုင်းတွင် အပူပိုင်း မုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်လျက်ရှိပြီး ဖိလစ်ပိုင်ပင်လယ်တွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း Pulasan သည် မနက်ဖန် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါ ပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်၍ အင်အားအနည်းငယ်လျော့ နည်းသွားမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ချိန်အတွင်း အားပြန်ကောင်းလာကာ စက်တင်ဘာ (၂၀)ရက်နေ့၌ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Zhejiang ပြည်နယ်တွင် ကုန်းတွင်းပိုင်း သို့ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိကာ စက်တင်ဘာလ (၂၁) ရက်နေ့တွင် အားပျော့ပျက်ပျယ်သွားမည်ဟု ခန့်မှန်းရရှိကြောင်း သိရသည်။

 

ထို့အတူ တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင် ပြီး စက်တင်ဘာလ (၂၀) ရက်နေ့နှင့် (၂၁) ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ် ကျော်ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။

 

အဆိုပါ အပူပိုင်းမုန်တိုင်းများ၏ သက်ရောက်မှုများကြောင့် လာမည့် စက်တင်ဘာလ (၂၀) ရက်မှ စတင် ၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ အဆိုပါဒေသများတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီး ခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များကို သတိပြုနေထိုင်ကြပါရန်နှင့် မိုးလေဝသ ဖြစ်စဉ် များသည် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူး သတိ ထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *