Chaung U News

0 0
Read Time:1 Minute, 41 Second

ချောင်းဦးမြို့တွင် ကင်းပတ်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး သေဆုံး

 

D Day News

ဧပြီလ ၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ဘောလုံးကွင်း မိန်းလမ်းထိပ်တွင် ကင်းပတ်နေသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကြောင်း ချောင်းဦး အခြေစိုက် BLDF အညာ မိုင်းတပ်ခွဲထံမှ သိရသည်။

 

ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင် ချောင်းဦးမြို့ ဘောလုံးကွင်း မိန်းလမ်းထိပ်၌ ကင်းပတ်နေသည့် အကြမ်းဖက် စစ်သားများကို BLDF အညာ မိုင်းတပ်ခွဲက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

“မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ၃ ဦးသေဆုံးတယ်။ ၁ ဦးကတော့ ဗိုက်ကို ထိမှန်တယ်၊ တစ်ဦး ကတော့ ပေါင်ထိတယ်ဗျ။ ၁ ဦးပွဲချင်းပြီး သေဆုံးတယ်” ဟု ချောင်းဦး အခြေစိုက် BLDF အညာ မိုင်းတပ်ခွဲက တာဝန်ရှိသူက ပြောကြားသည်။

 

ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်တပ်သည် အနောက် မအုပ်ဘော်ဒါဆောင်တွင် တပ်စွဲနေသည်မှာ တစ်ပတ်ကျော် ခန့်ရှိပြီဖြစ်ပြီး ဧပြီလ ၅ ရက်နေ့မှ စတင်ကာ ချောင်းဦးရွှေတောင်ရပ်ကွက်တွင် အင်အားတိုးကာ တပ် စွဲနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

 

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *