CDM News

0 0
Read Time:1 Minute, 31 Second

စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦး ဒေါနစစ်ကြောင်းထံသို့ အလင်းဝင်

 

D Day News

စက်တင်ဘာလ ၁၆

 

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ အရာရှိ ၂ ဦး ဒေါနစစ်ကြောင်းထံသို့ ဆက်သွယ်ကာ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်ကို ခိုလှုံဝင်ရောက်လာခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦးသည် ဒေါနတပ်ရင်းထံသို့ အလင်းဝင်ရောက်လာသဖြင့် လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့သားကောင်းများအဖြစ် အသိအမှတ်ပြု ဂုဏ်ပြု ဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်အုပ်စု အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှု များကြုံတွေ့နေရပြီး တပ်တွင်းတွင်လည်း မတရားမှုများ၊ အောက်လက်ငယ်သားများအနေဖြင့် စိတ် ဓာတ်ကျဆင်းမှုများ အကြီးအကျယ်ခံစားနေရပြီဖြစ်ကြောင်း၊ ပြည်သူလူထုအားမျက်နှာမူသည့် ပြည် သူ့ စစ်သားစစ်စစ်များကို အချိန်မရွေး နွေးထွေးစွာ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း ဒေါန စစ် ကြောင်းက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *