လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ
D Day News
စက်တင်ဘာလ ၁၆
တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲကျေးရွာ၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထား သောအကြမ်းဖက်စစ်သားများကို ၄၀ မမဖြင့် သွားရောက်တိုက်ခိုက်ခဲ့စဉ် အပြန်အလှန်ပစ်ခတ် တိုက် ပွဲဖြစ်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၊ မောင်းမ ကန် ရဲစခန်းအနီး တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများအား ၄၀ မမ ဗုံးသီးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်စဥ် ၁၀ မိနစ်ခန့်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုအားဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဇုန် (၁) ရွှေ သောင်ယံတပ်စုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
D Day News