KNU News

0 0
Read Time:1 Minute, 32 Second

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ဗျူဟာစခန်းကုန်းကို ၅ နာရီအတွင်း သိမ်းပိုက်ရရှိပြီး ၁၂၂ ၊ ၁၂၀ မမ လက်နက်ကြီး ၄ လက်အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိဟု KNLA ကြေညာ

 

D Day News

ဧပြီလ ၆

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာ စခန်းကုန်းကို ၅ နာရီအတွင်း အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး ၁၂၂ ၊ ၁၂၀ မမလက်နက်ကြီး ၄ လက် အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိကြောင်း KNLA ဗဟိုက တရားဝင် သတင်း ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၈ နာရီခန့်က မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ အ​ရှေ့​တောင် တိုင်းစစ်ဌာနချုပ်လက်​အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီ​နောင်)ကို ကရင်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် ဦး​ဆောင်​သော ​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ ၅ နာရီခန့်အကြာ မွန်းလွဲ ၁ နာရီအချိန်တွင် အပြီးသတ်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သိမ်းပိုက်ရရှိသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ ၁၂၂ လက်နက်ကြီး ၂ လက် ၊ ၁၂၀ လက်နက်ကြီး ၂ လက်အပါအဝင် အခြားလက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းကျည်ပစ္စည်းများ​မြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *