PNLA News

0 0
Read Time:1 Minute, 43 Second

ဆီဆိုင်မြို့နယ်၊ ရေကြီးပြီး ပွန်ချောင်းတံတား ကျိုးကျပျက်စီး၊ PNLO က ပြန်လည်ပြုပြင်ပေး

 

D Day News

စက်တင်ဘာလ ၁၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ရေကြီးပြီး ပွန်ချောင်းတံတားကျိုးကျပျက်စီးခဲ့ပြီး PNLO က ပြန်လည် ပြုပြင်ပေးနေကြောင်း သိရသည်။

 

မိုးသက်လေပြင်းကျရောက်ပြီး ပွန်ချောင်းရေမြင့်တက်တိုက်စားခြင်းကြောင့် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသည့် ပွန်ချောင်းတံတားပျက်စီးသွားရာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ၏ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနကြီးမှ ဦးဆောင်ပြီး ပြန်လည် ပြုပြင်တည်ဆောက်နေကြောင်း သိရသည်။

ယင်းတံတားပျက်စီးသွားခြင်းကြောင့်  ‌ပွန်ချောင်းအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းနေပြည် သူများ သွားလာရေး၊ ကုန်စည်ကူးသန်းရေးအတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ၏ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနကြီး မှ ဦးဆောင်ကာ ‌ဒေသနေပြည်သူများနှင့် လက်တွဲ၍ ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း PNLA က ထုတ်ပြန်ထားသည်။

 

တည်ဆောက်ရာတွင် အကူအညီများစွာ လိုအပ်လျက်ရှိပြီး တံတားအမြန်ပြီးမြောက်ရေး ပါဝင် လှူဒါန်းပေးကြပါရန် ဆက်လက်တိုက်တွန်း နှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *