တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေသော်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေ ကြောင်း၊ ရော့ကတ်များဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်
D Day News
စက်တင်ဘာလ ၁၄
တနိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချို မြို့ကို လေကြောင်း၊ ရော့ကတ်လက်နက်ကြီးများဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံ သိရသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ မိနစ် ၃၀ အချိန်အထိ နောင်ချိုမြို့၊ သပြေရပ် ကွက် အတွင်းသို့ စစ်ကောင်စီတပ်မှ Jet fighter ဖြင့် ဖျက်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀) ဗုံး (၂) လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ကြဲချသည့် ပေါင် (၅၀၀) ဗုံး နှစ်လုံးအနက် တစ် လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။
ထိုအပြင် နောင်ချိုမြို့တွင်းသို့ ရော့ကတ်ဒုံးဖြင့်လည်း (၈)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လူနေရပ်ကွက်အတွင်းသို့ ဦးတည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုး သမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းသို့ လေကြောင်း အ သုံးပြုကာ ဗုံး (၁၃) လုံး ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေးအန္တရာယ်ရင်ဆိုင်နေရသည့်အချိန် PSLF/ TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များအပြင် နိုင်ငံအရပ်အရပ်ရှိ စစ်ရှောင်စခန်းများ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကိုး ကန့်နယ်အတွင်းရှိ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀) ဖြင့် နေ့စဥ်ဗုံးကြဲတိုက်ခိုက်ကာ အကြမ်းဖက်လုပ်ရက်များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
D Day News