AA News

0 0
Read Time:5 Minute, 15 Second

တိုက်ပွဲမဖြစ်ခင် ကြိုတင်ရှောင်ရှားခဲ့သည့် မြို့များမှ ပြည်သူပိုင် ရတနာ၊ ရွှေငွေ ပစ္စည်းများဖောက် ထွင်းခိုးယူခံရမှုကို စုံစမ်းဖော်ထုတ်ရှာဖွေကာ ပြည်သူလူထုထံ ပြန်လည်အပ်နှံ

 

D Day News

စက်တင်ဘာလ ၁၄

 

တိုက်ပွဲမဖြစ်ခင်ကတည်းက ကြိုတင်ရှောင်ရှားခဲ့ရသည့် မြို့များမှ ပြည်သူပိုင် ရတနာ၊ ရွှေငွေ ပစ္စည်း များ ဖောက်ထွင်း ခိုးယူခံရမှုကို စုံစမ်းဖော်ထုတ်ပြီး ပြည်သူလူထုထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ရခိုင်တပ်တော် -AA က ထုတ်ပြန်ပြောဆိုသည်။

 

ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသောမြို့များမှာ တိုက်ပွဲ မဖြစ်ခင်က တည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ပြည်သူလူထုများ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်း ကြောင့် အသက်၊ အန္တရာယ်ဆုံးရှုးမှုများ လျော့နည်းခဲ့ရသော်လည်း ပြည်သူလူထုအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင် မပြေ သော ထုထည်ကြီးပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်တွင် ဝှက်ထားချန်ရစ်ခဲ့ သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုးခဲ့ရသည်သာမက ပျောက်ဆုံးမှုများရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ပျောက်ဆုံးနေမှုကို ကာယကံရှင်များ၏ တိုင်တန်းချက် အရ အာရက္ခတပ်တော်က ထောက်လှမ်း စုံစမ်းရှာဖွေခဲ့ရာ ခိုးမှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်နိုင်ခဲ့ပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သော အပြစ်များပေး၍ အရေးယူခဲ့ ကြောင်း၊ ထို့ပြင် ခိုးယူထားသောပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ကြောင်း၊ မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုအပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်း များကို အာရက္ခတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

 

ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို အာရက္ခ တပ်ဖွဲ့ ဝင် များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့သဖြင့် အဆိုပါ ပစ္စည်းများအားလုံးကို ကာယကံရှင်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ သည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင်သိမ်းဆည်း ထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်း မရှိပါက မိမိတို့၏ သက်ဆိုင်ရာ ဒေသ၊ နယ် မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြရန် အာရက္ခတပ်တော် – AA က တိုက်တွန်းထားသည်။

 

အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော်ကျင့်ဝတ် များနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများ ကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားကြောင်း သိရသည်။

 

ထို့ကြောင့် အာရက္ခ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ ဝန်ထမ်းများအနေဖြင့် လုပ်ပိုင်ခွင့်၊ အာဏာတို့ ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)”  ပြည်သူ့လုံခြုံရေး နှင့် တရား ဥပဒေစိုးမိုးရေးဌာနကို ဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ၊ ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေ အထားမျိုး ရရှိလာစေရန် ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *