War Crime News

0 0
Read Time:3 Minute, 9 Second

သန္နီမြို့နယ်နှင့်နောင်ချိုမြို့တို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီး

 

D Day News

စက်တင်ဘာလ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သန္နီမြို့နယ်နှင့်နောင်ချိုမြို့တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်အဆောက်အအုံများ ပျက်စီး ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၇ နာရီအချိန်က မင်းအောင်လှိုင်၏အကြမ်းဖက်တပ်ဖွဲ့ကသိန္နီ ခရိုင် သံလွင်လျင်ဟိုမြို့နယ် နန်ဘိုင်းရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ရွာသား ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးတွင် ၃ ဦးမှာ အပြင်းအထန် ဒဏ် ရာရရှိခဲ့ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။

အလားတူ တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို ဦးတည်ပြီး လေကြောင်းအသုံးပြု၍ ဗုံး (၁၃) လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနကထံက သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်မှ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်အထိ နောင်ချိုမြို့ ရဲစခန်းဝန်းအတွင်းနှင့် လူနေအိမ် ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ထပ်ခါထပ်ခါ ဗုံးကြဲ ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့ သို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့တွင်လည်း နမ့်ခမ်းမြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင် စီ တပ်က လေကြောင့်အသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် လာရောက်ကြဲချမှုကြောင့် အရပ်သားပြည်သူ (၁၁)ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ် ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များကို ဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀) ဗုံးဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက် ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *