Yangon News

0 0
Read Time:2 Minute, 45 Second

ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ စစ်တပ်ဘန်ကာမှ စစ်သားများ ကင်းလဲလှယ်ချိန် ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်

 

D Day News

စက်တင်ဘာလ ၁၄

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် ဘန်ကာအတွင်းမှ စစ်သားများ ကင်းလဲလှယ်ချိန်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင် ကြောင်း GOD’S HAND FORCES ထံမှသိရသည်။

 

ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ်ဘန်ကာဂိတ်အတွင်းမှ စစ်သားများနှင့် အပြင်မှ ကားဖြင့်ရောက်ရှိလာ သောအကြမ်းဖက်စစ်သားများ ကင်းအပြောင်းအလဲ ပြုလုပ်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လဲကျသွားကြောင်း သိရသည်။

Photo – ပုံဟောင်း

“ပုံမှန်သူတို့လာနေတဲ့အချိန် ပြောမယ်ဆိုရင်း ကင်းလှဲတာပေါ့။ ကားနဲ့လာပြီးကင်းလှဲတယ်။ ကင်းလှဲ ပြီးတော့ သူတို့ကားအောက်ကို ဆင်းတဲ့အချိန်မှာ အချိန်ကိုက်ကွက်တိလုပ်လိုက်တာဗျ။ ၃ ယောက် ကတော့ လဲကျသွားတယ်။ အတော်လေးကို နီးကပ်တဲ့အခြေအနေမျိုးမှာ ကွဲသွားတာ။ အဲလိုမျိုးဆို တော့ သေဖို့က ၇၀ ရာခိုင်နှုန်းနဲ့ ရှင်ဖို့က ၃၀ ရာခိုင်လောက်ပဲရှိမယ်၊ တိတိကျကျအတည်ပြုဖို့က‌ တော့ ခက်ခဲနေတယ်” ဟု GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို God’s Hand Forces (GHF) ၏ မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေ နှင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာပြန်လည် ဆုတ် ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ယခု တိုက်ခိုက်မှုသည် M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင် မှုဖြစ်ကြောင်း၊ မိဘပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ ၊ လုပ်ငန်း ဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများကို ဝေးဝေးရာမှ ရှောင်ရှားသွား လာကြ ပါရန် အသိပေး မေတ္တာရပ်ခံထားသည် ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *