မြင်းမူမြို့မှ ထွက်လာပြီး မုံရွာ-မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)
D Day News
စက်တင်ဘာလ ၁၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ ထွက်လာပြီး မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း DogDog Killers People’s Defence Force Myinmu ထံမှ သိရသည်။
စက်တင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မြင်းမူမြို့တွင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများသည် မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြား ထွက်လာပြီး မုံရွာ -မန္တလေးလမ်းကို အသုံးပြုသွားလာနေသော ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ၄၀ မမ ဖြင့် ပစ်ခတ် ခဲ့ရာ စစ်သား ၃ ဦးလဲကျသွားခဲ့ကြောင်း၊ ထိုသို့လဲကျနေစဉ် လက်နက်ငယ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးကို ထပ်မံထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန် လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ၊ မြင်းမူ မြို့နယ် (ပ.က.ဖ) ၊ (U.S.A.R) နှင့် (S.T.R.F) ညီနောင်မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
D Day News