Bago News

0 0
Read Time:3 Minute, 21 Second

အုတ်ဖိုမြို့နယ်၊ စဉ့်ကူးရွာအုပ်ကြီးပစ်ခတ်ခံရပြီးသေဆုံး၊ သေဆုံးအလောင်းကို လာရောက်သည့် ပျူများ ကို ထပ်မံတိုက်ခိုက်မှု ပျူ၂ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၁၀

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သက်ကြီး(ခ)သက်အောင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

စက်တင်ဘာလ ၉ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောကျေးရွာအုပ်စု၊ စဉ့်ကူး ကျေးရွာနေအကြမ်းဖက်စစ်တပ် ထောက်တိုင် အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် သက်အောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တောင်သုံးလုံးဘုရားနှင့် စဥ့်ကူးကျေးရွာကြားရှိ လမ်းပေါ်၌ အသင့် စောင့်ကြို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် အကြမ်းဖက်စစ်ကောင်စီတပ်ထောက်တိုင်တစ်ဦးဖြစ်ပြီးပြည်သူများအား အတင်း အကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ စကစများထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​အား ထောက်​လှမ်း​သတင်းပို့ခြင်း၊ စဥ့်ကူးကျေးရွာနှင့် တမံကြီး ရွာ ကြား၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်း၊ ဒေသခံလူငယ် များ အား စည်းရုံး၍ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့  ဖွဲစည်းပြီး ပြည်သူများအား အမျိုး မျိုး ဒုက္ခပေးနေသဖြင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

 

ထိုသို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်းထံမှ မိုလ်ဘိုင်းဖုန်း၁လုံး၊ ငွေကျပ်၁သိန်း နှင့် စစ်မှုထမ်းဟောင်း ကတ်ပြား၁ခုအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ နံနက် ၉ နာရီခန့်တွင် သေဆုံးသွားသော စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သက်ကြီး(ခ)သက်အောင်အလောင်းကို ၎င်း၏လက်အောက်ငယ် သားပျူများက လာရောက်ယူစဉ် အပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့ -အုတ်ဖို ၏ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့နိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေကြသည့် စကစထောက်တိုင်များကို ပြင်း ပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အဆိုပါထောက်တိုင်များအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်  အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *