Yangon News

0 0
Read Time:2 Minute, 59 Second

တောင်ဒဂုံမြို့နယ် ၊ အမှတ် ၂၆ ရက်ကွက်ရုံး၌ အစည်းအဝေးပြုလုပ်နေစဉ် ဗုံးခွဲတိုက်ခိုက်မှု စစ် ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်တပ်က ရပ်ကွက်ရုံးကို ဝင်ရောက်တပ်စွဲ

 

D Day News

စက်တင်ဘာလ ၁၀

 

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက်ရုံး၌ ရွေးကောက်ပွဲနှင့် အသက် ၃၅ နှစ်အထက် အမျိုးသား များ စာရင်းကောက်ယူနေရေး အစည်းအဝေးပြုလုပ်နေစဉ် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရပ်ကွက်ရုံး၌ ဝင်ရောက်တပ်စွဲထားပြီဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force- Civilian Military -SRDF အထူးစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၉ ရက် ည ၁၁ နာရီ ၁၁ မိနစ်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ် ၂၆ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စစ်ကောင်စီလက်ပါးစေအုပ်ချုပ်ရေးမှူး ရဲသူရနှင့် စစ်ကောင်စီတပ် ဖွဲ့ဝင် များသည် ရွေးကောက်ပွဲနှင့်အသက် ၃၅ နှစ်အထက်အမျိုးသားများ ကာကွယ်ရေးအဖွဲ့ စာရင်း ကောက်ဖွဲ့စည်းရန် အစည်းဝေးကျင်းပနေစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က ရပ်ကွက်ရုံး၌ ဝင်ရောက်တပ်စွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

“၂ ဦးထိခိုက်ဒဏ်ရာရတယ်လို့ အတည်ပြုနိုင်တယ်။အခုမနက်ပဲ စခကားတွေဝင်သွားပြီးတပ်စွဲထား ပြီ။ ရဲဘော်တွေအားလုံးလည်း ဘေးကင်းပါတယ်။ ကျနော်တို့ရွှေဘိုခရိုင်တပ်ရင်း ၁၅ က ရှမ်းမန်း မှာရော၊ ထီးချိုင်ဘက်မှာရော ပြည်သူ တွေနဲ့အတူ တိုက်ပွဲဖော်ဆောင်နေပါတယ်။ ရှေ့တန်းရဲဘော် တွေ အတွက် ကျည်ကာပြားနဲ့ ကျည်ကာ ဦးထုပ်တွေ တပ်ဆင်ပေးနိုင်ဖို့  ရွှေဘိုခြုံထည်ကမ်ပိန်းလုပ် နေ တယ်၊ အဲဒီကမ်ပိန်းလေးကို မိဘပြည် သူတွေ ဝိုင်းဝန်းကူညီပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force- Civilian Military -SRDF အထူးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force – လက်ရွေးစင်အထူး စစ်ကြောင်း Civilian Military -SRDF နှင့် Shwe Bo Battalion 15 ရဲဘော်များပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲ သတင်းအရ အုပ်ချုပ်ရေးမှူးရဲသူရကို မကြာခင်ဖြုတ်ချကာ အသစ် ခန့်အပ်မည်ဟု သတင်းရရှိထားကြောင်း၊ အသစ်လုပ်ဆောင်မည့်အုပ်ချုပ်ရေးမှူးကိုလည်း ထပ်မံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *