Bago News

0 0
Read Time:1 Minute, 57 Second

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာစာသင်ကျောင်းအကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး စာသင်ကျောင်းပျက်စီး (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၀

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာစာသင်ကျောင်းနှင့် ရှာတောကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေ ဆုံးခဲ့ပြီး စာသင်ကျောင်းပျက်စီးသွားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

 

စက်တင်ဘာလ ၈ ရက် နေ့လည်ပိုင်းက ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်း နှင့် ရှားတောကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီမှ စက်တင်ဘာလ (၈) ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦးသေဆုံး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဒဏ်ရာ ရရှိသူများထဲ တွင် ၄ ဦးမှာအပြင်းအထန် ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများကို မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အမှတ် ၂ စစ်ဒေသခွဲ နယ်မြေ၌ ဩဂုတ်လ အတွင်း ကလေး ငယ်များ အပါအဝင် အရပ်သားပြည်သူ ၁၈ ဦးသေဆုံးကာ ၃၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *