Wundwin News

0 0
Read Time:2 Minute, 5 Second

ဝမ်းတွင်းမြို့သို့ ကားဖြင့် ပြန်လာသည့် မြို့နယ်မှူးအပါအဝင် ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦး စလုံး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၅

 

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့သို့ ကားဖြင့် ပြန်လာသည့် မြို့နယ်မှူးအပါအဝင် ရဲ ၄ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးစလုံးသေဆုံးသွားကြောင်း Wundwin Township Revolution Force – WTRF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၅ ရက် ည ၇ နာရီခန့်က ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲရွာဘက်မှ ပင်းတလဲ – ဝမ်းတွင်း ကား အတိုင်း ဝမ်းတွင်းမြို့ဘက်သို့ ပြန်လာသောမ မြို့နယ်မှူးအပါအဝင် ရဲ ၄ ဦးကို နတ်နန်း ကျေး ရွာနှင့် ထနောင်ကုန်းကျေးရွာကြား အရောက်WTRF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ မိုင်းထိ တိမ်း မှောက်သွားပြီး ကားပေါ် မြို့နယ်မှူးအပါအဝင် ရဲ ၄ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

 

“၄ ဦးသေတယ်၊ မြို့နယ်မှူးနဲ့ တခြား ၃ ဦးပါလာတာ၊ အကုန်သေတယ်၊ ကားကော၊ လူကော တစ စီ ပဲ၊ လာတာက ပင်းတလဲ ဘက် ကနေ ၄ စီးပြန်လာတာ၊ ၃ စီးက ဘယ်နားကျန်နေခဲ့လဲမသိဘူး၊ ဒီ တစ်စီးပဲ ရောက်လာလို့လာတဲ့ အစီး ကို ဆွဲလိုက်တာ၊ မြို့နယ်မှူးအစီးနဲ့ ကွက်တိပဲ၊ ဝမ်းတွင်းမြို့ထဲ လည်း အရေးပေါ် ကားသံတွေ ဆူညံသွားတယ်” ဟု Wundwin Township Revolution Force – WTRF တပ်ဖွဲ့မှတာဝန်ရှိ သူတစ် ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်နိုင်ရန် တပ်တွင်းဖရဲသီးထံမှ တိတိကျကျ သတင်းရရှိခဲ့သဖြင့် တိုက်ခိုက်နိုင်ခဲ့ဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများက ဒရုန်းများဖြင့် ပျံဝဲကာ ကင်းထောက် ခြင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Photo – မိုင်းဆွဲခံရပြီးသေဆုံးသွားသော ဝမ်းတွင်းမြို့နယ်မှူး

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *