Shan State News

0 0
Read Time:2 Minute, 7 Second

လားရှိုးမြို့ရှိ မိုးလုံလေလုံအားကစားကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်၊ လူထိ ခိုက်မှုမရှိသော်လည်း ကား၊ အဆောက်အအုံများ ထိခိုက်ပျက်စီး

 

D Day News

စက်တင်ဘာလ ၈

 

ရှမ်းပြည်မြောက်ကိုင်း၊ လားရှိုးမြို့ရှိ မိုးလုံလေလုံအားကစားကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က လေ ကြောင်း ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း ကား၊ အဆောက် အအုံ များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် ၄ နာရီ ၇ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လားရှိုးမြို့၊ အမှတ် ၁၂ ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည် ထောင်စုအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမကို ထိခိုက်ပျက်စီးခဲ့ပြီး အနီးအနားရှိကားများ လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် နှင့် ည ၈ နာရီ ၅၀ မိနစ်အချိန်တို့တွင် လည်း လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် အမှတ် ၈ အခြေခံပညာ အထက်တန်းကျောင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအတွင်း အဆောက် အဦး အများအပြားနှင့် လူနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းလက်လွတ်ဆုံးရှုံးထားရသည့် နယ်မြေများအတွင်းသို့ ပြည်သူ လူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် နေ့စဉ်နှင့်အမျှဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး စစ်ရာဇဝတ် မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *