Tanintharyi News

0 0
Read Time:4 Minute, 16 Second

ပလမြို့တွင်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံး၊ မန္တလေးမြို့တွင် ဖမ်းဆီးခံရပြီး စစ်တပ် အတွင်း ထည့်သွင်းခံရသူ တပ်သားသစ်တစ်ဦးကို ကယ်ထုတ်နိုင်၊ စစ်တပ်က ပြည်သူ ၈ ဦး ဆက် လက်ဖမ်းဆီးထား

 

D Day News

စက်တင်ဘာလ ၇

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြေင်း၊ ထို့အပြင်မန္တလေးမြို့တွင်ဖမ်းဆီးခံရပြီး စစ်တပ် အတွင်း ထည့်သွင်းခံရသူ တပ်သားသစ်တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်းမြိတ်ခရိုင်အမှတ် ၁ တပ် ရင်းထံမှ သိရသည်။

 

စက်တင်ဘာလ ၁ ရက်နေ့က အကြမ်းဖက်စစ်သား ၁၄၀ ခန့်သည် စစ်သင်္ဘော ၂ စီး၊ လှေငယ် ၃ စီး ဖြင့် ပလမြို့နေလူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေရန်အတွက် ပလမြို့ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၃ ရက် နံနက် ၆ နာရီခန့်တွင်ပလမြို့ရဲစခန်းမှတဆင့်ပလမြို့အတွင်းသို့ စစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ဝန်း ကျင်အထိ ဖြစ်ပွားခဲ့ပြီး ဖက်ဆစ်စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပုလောမြို့နယ်ပကဖ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ တပ်ရင်း ၇ တပ်ခွဲ ၂ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်ဖက်ဆစ်တပ်သားများသည် ပလမြို့တွင်းရှိ စာသင်ကျောင်းနှင့် သာသနိက အဆောက် အဦ များ၌ အခြေပြုတပ်စွဲကာ ပြည်သူနေအိမ်များအတွင်းရှိ ထွက်ပြေးနိုင်ခြင်း မရှိသော သက်ကြီး ရွယ်အိုများ၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါ အဝင် ပြည်သူ ၁၈ ဦး ကို ဖမ်းဆီးကာ လူသားတံတိုင်း ပြုလုပ်ထားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီး ခံသည့် ပြည်သူများအနက် ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီသော်လည်း ကျန် ၈ ဦးကို လက်ရှိအချိန်အထိ ဖမ်း ဆီးထားဆဲဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်း စဉ် ဖက်ဆစ်စစ်ကြောင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းသစ် တပ်သား ၁ ဦးကို တွေ့ရှိခဲ့ပြီး လုံခြုံ သည့်နေရာသို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ကယ်ထုတ်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသည်မန္တလေးမြို့ဇာတိဖြစ်ပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရကာ ပုလောအခြေစိုက် ခလရ ၂၈၅ တွင် တာဝန်ချထားခြင်းခံရသူဖြစ်ကြောင်း သိရသည်။

 

စက်တင်ဘာလ ၆ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းမှ ပလမြို့ရေနက်ဆိပ်ကမ်းသို့ ဆုတ်ခွာနေသော အင်အား ၅၀ ပါ ဖက်ဆစ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ  ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ်တွင် လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ် ပွားနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် မြိတ်-ပုလော-‌ပ‌လောက်လမ်းပိုင်းအား အသုံးပြု ၍ မလိုအပ်ပဲ ခရီးသွားလာခြင်း မပြုရန်နှင့် စစ်ရေးသတင်းကို အမြဲနားစွင့်ထားရန် အကြံပြု တိုက် တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *