D Day News

0 0
Read Time:3 Minute, 23 Second

ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့်နှင့်အတူ D Day News သတင်းဌာနလည်း ၃ နှစ်ပြည့်ပြီ

 

အယ်ဒီတာ

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အာဏာရူးပြီး ပြည်သူလူထုပိုင်အာဏာကို လက်နက်အားကိုး၊ စစ်တပ်အားကိုးဖြင့် မောင်ပိုင်စီးခဲ့ပြီးနောက် ပြည်သူလူထုတစ်ရပ်လုံး ရရာလက်နက်စွဲကိုင်တော် လှန်ရေး စတင်ခဲ့တာ ဒီနေ့ဆိုရင် ၃ နှစ်ပြည့်မြောက်ခဲ့ပါပြီ။

 

တူမီးကစခဲ့တဲ့ ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့်မြောက်ချိန်တွင် ၃ နှစ်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ သည် ပြည့်မြောက်ချိန်တွင် နှစ် ၇၀ ကျော်အဖိုးအို စစ်တပ်ကို အဖက်ဖက်က ကျရှုံးသည် အထိ ထိုးနှက်တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်သည်။

 

တစ်နိုင်ငံလုံးအနှံ့မြို့ပေါင်း ၈၀ နီးပါး သိမ်းပိုက်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ တစ်နိုင်ငံလုံး အနှံ့လည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြပြီဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် အဖက်ဖက်ကနေ ကျရှုံးနေပြီဖြစ်သလို လေကြောင်းအားကိုး တစ်ခုဖြင့်သာ ကျန်ရှိတော့ပြီဖြစ်သည်။ လေကြောင်းတိုက်ခိုက်သာမရှိတော့လျှင် အကြမ်းဖက်စစ် အုပ်စု ဘဝနိဂုံးချုပ်ရတော့မည်ဖြစ်သည်။

 

ထိုသို့ အကြမ်းဖက်စစ်အုပ်စုနိဂုံးချုပ် အဆုံးသတ်ခါနီးပြီဖြစ်သဖြင့် ယုတ်မာကောက်ကျစ်ရက်စက် နည်းမျိုးစုံလည်း အကြမ်းဖက်စစ်အုပ်စုထုတ်သုံးနေပြီဖြစ်ပါသည်။

 

ထို့ကြောင့်မိဘပြည်သူများအနေဖြင့် အစစအရာရာ အသွားအလာဂရုစိုက်ပေးကြပါရန်နှင့် စစ်ရေး အသိ၊ သတိအမြဲတမ်းရှိနေပြီး နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

အကြမ်းဖက်စစ်အုပ်စုအပေါ် ခုခံတွန်းလှန်စစ်စတင်ခြင်း ၃ နှစ်ပြည့်ခြင်းနှင့်အတူ D Day News သတင်းဌာနပေါ်ပေါက်လာခဲ့သည်မှာလည်း ယနေ့ဆိုရင် ၃ နှစ်ပြည့်ပြီဖြစ်ပါကြောင်း မိဘပြည်သူများ ကို အသိပေးတင်ပြအပ်ပါသည်။

 

နွေဦးတော်လှန်ရေးခုခံတွန်းလှန်စစ် စတင်ခြင်းနှင့်အတူ D Day News သတင်းဌာန စတင်ပေါ်ပေါက် ခဲ့ဖြစ်သဖြင့် နွေဦးတော်လှန်ရေးနှင့်အတူ အမြဲတမ်းရပ်တည်သွားမည်ဖြစ်ကြောင်း စာဖတ်သူမိဘ ပြည်သူများကို အသိပေးလိုပါသည်။

 

စာဖတ်သူမိဘပြည်သူများအနေဖြင့်လည်း D Day News သတင်းဌာနစာမျက်နှာလေးတွေ့ရှိပါက Like ၊ Follow ၊ Commet ၊ Share ၊ Star အဆင်ပြေရာနည်းဖြင့် အားပေးထောက်ခံကူညီပေးကြပါ ရန် မေတ္တာရပ်ခံပါသည်။

 

D Day News သတင်းဌာနသည် သုညက စခဲ့သော်လည်း  သုညဖြစ်မသွားပဲ အဆင့်ဆင့်သော အောင်မြင်မှုပန်းတိုင်ကို မိဘပြည်သူများနှင့်အတူ ချီတက်လိုပါကြောင်း။ လွတ်လပ်သော သတင်း မီဒီယာဌာနအဖြစ် မိဘပြည်သူများနှင့်အတူ လျှောက်လှမ်းသွားမည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *