Magway News

0 0
Read Time:3 Minute, 45 Second

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်လာနေပြီဖြစ် သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ဦးဆောင်ပြီး သတိပေးနှိုးဆော်တိုက်တွန်းဆောင်ရွက်သွားရန် မြိုပကဖ ထုတ်ပြန်

 

D Day News

စက်တင်ဘာလ ၆

 

အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်လာနေပြီဖြစ် သဖြင့် ကာကွယ်ရေး တပ်ဖွဲ့များမှ ဦးဆောင်ပြီး ပြည်သူလူထုကို သတိပေးနှိုးဆောင်တိုက်တွန်း ဆောင်ရွက်သွားရန် မြိုင်ပကဖက ယနေ့ စက်တင်ဘာလ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

 

ယခု နောက်ပိုင်းကာလတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုသည် ယခင်ကထက် အဆ ပေါင်းများစွာ သာလွန်လာပြီးဖြစ်၍ စစ်ကောင်စီတပ်က မြေပြင်တိုက်ခိုက်မှုလျော့ချလာပြီး လေ ကြောင်းတိုက်ခိုက်မှုများ အများအပြား လုပ်ဆောင်လာကြောင်း သိရသည်။

 

ထို့ကြောင့် ကဏ္ဍပေါင်းစုံအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ လူထုအသက်အန္တရာယ် ထိခိုက်/ကျဆုံးမှု နည်းပါးစေရေးအတွက် ကျေးရွာအတွင်းနေအိမ်တိုင်း လိုလိုတွင် ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ တူးဖော်ထားရှိစေရေး နှိုးဆော်ဆောင်ရွက်သွားရန် အကြိမ်ကြိမ် အကြောင်းကြား ထားရှိခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မြို့နယ်အတွင်း ထိခိုက်သေဆုံးဒဏ်ရာရရှိသည့် ပြည်သူ လူထု များ အတတ်နိုင်ဆုံး နည်းပါးစေရေးအတွက် ကာကွယ်ရေးအဖွဲ့များအနေဖြင့် ဦးဆောင်မှုပြုလုပ်၍ သတိပေးနှိုးဆော်တိုက်တွန်းခြင်း၊ ဖြစ်စဉ် ဥပမာ သာဓကများ ချပြခြင်းတို့ မကြာခန ဆောင်ရွက်ပေး သွားကြရမည်ဖြစ်ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။

 

ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ပြည်သူလူထုနှင့် ထဲထဲဝင်ဝင် ဆက်ဆံရေး ရင်းနှီးကျွမ်းဝင်မှုရရှိမည်ဖြစ် ကြောင်း၊ ထို့အပြင် ပြည်သူလူထုအပေါ်တွင်လည်း လက်နက်ကိုင်အဖွဲ့များမှ အနိုင်အထက် ပြုကျင့် ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ဇုန်တာဝန်ခံ/ ရင်းမှူး/ ခွဲမှူး စသည့် အဆင့်ဆင့်တို့မှ ခြပြရှင်း လင်းခြင်းတို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သတိပေးထားသည်။

 

လက်နက်ကိုင်အဖွဲ့အစည်း လုပ်ဆောင်သည့် ကာလမှာလည်း အချိန်တစ်ခုသို့ရောက်ရှိလာပြီဖြစ် သောကြောင့် ပြည်သူလူထုအား မိမိတို့ဘက်သို့ အားကိုး ယုံကြည်မှုများစွာ မြင့်တတ်လာစေရန် စည်းရုံးသိမ်းသွင်းဆောင်ရွက်နိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်ရန် အရေးကြီးကြောင်း မြိုင်ပကဖက ပြောဆိုထားသည်။

 

မြို့နယ်အတွင်းရှိ ဇုန်/ တိုက်နယ်/ ရပ်ကျေးတာဝန်ခံများ အနေဖြင့် ပြည်သူလူထု၏ အသက် အန္တရာယ် ထိခိုက်ကျဆုံးမှုများ နည်းပါးစေရေးအတွက် အကာအကွယ်ရရှိစေမည့် ကတုတ်ကျင်း၊ ဗုံးခိုကျင်းများ တူးဖော်ထားရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အ ရေး ယူဆောင်ရွက် မည့်ကိစ္စရပ်များ ချပြရှင်းလင်းသွားရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့- မြိုင်မြို့နယ် က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *