Yangon News

0 0
Read Time:5 Minute, 24 Second

ရန်ကုန်မြို့၊ အင်းလျား လမ်းရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းပိုက်ထား သော မြေကွက်၊ တိုက်ခန်းနှင့်ကွန်ဒိုကို နွေဦးတော်လှန်ရေးအစိုးရ ငွေတိုက်စာချုပ်ဖြင့် ဝယ်ယူနိုင် ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကြေညာ

 

D Day News

စက်တင်ဘာလ ၄

 

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ၆ မိုင်ခွဲ၊ ပြည်လမ်းရှိ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင် လှိုင် မတရားသိမ်းပိုက်ထားသော Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများကို နွေဦးတော် လှန်ရေး အစိုးရ ငွေတိုက်စာချုပ်ဖြင့် ဝယ်ယူနိုင် ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှု ဝန်ကြီးဌာနကြေညာသည်။

 

သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေဖြင့် အာဏာရှင်နိဂုံး (EOD) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများကို တော်လှန်ပြည်သူအများမှ အာဏာရှင်နိဂုံး (EOD) ကိုယ်စားလှယ် များကို ဆက်သွယ်၍ ဝယ်ယူအားပေးနေကြပြီးဖြစ်ပြီး ယခုအခါတွင် အာဏာရှင်နိဂုံး (EOD) မှ လက်ရှိရောင်းချလျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက် ထားသော ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများ နှင့် အခြားသော (EOD) (ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံ မှုများ အားလုံးကို သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်ဖြင့် ပေးချေ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးကို ဘဏ္ဍာရေးစစ်မျက်နှာမှ ပါဝင်ထောက်ပံ့ကူညီလိုသော တော်လှန် ပြည်သူများ အတွက် နွေဦးတော်လှန်ရေး အစိုးရ အထူးငွေတိုက်စာချုပ်များကို ၂၀၂၁၊ ဒီဇင်ဘာလဆန်းမှစတင်၍ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ စတင်ထုတ်ဝေ ရောင်းချခဲ့ရာ စာချုပ်သက်တမ်း (၂) နှစ် အတွင်း လုံးဝအတိုးမဲ့ (အတိုးနှုန်း သုည ရာခိုင်နှုန်း) ဖြင့် ထုတ်ဝေရောင်းချခဲ့သော နွေဦးတော်လှန်ရေး အစိုးရငွေတိုက်စာချုပ်များကို ပြည်သူများမှ အမေရိ ကန်ဒေါ်လာ ၄၄ (လေးဆယ့်လေး) သန်းကျော် တန်ဘိုးအထိ တော်လှန်ရေးအောင်စိတ်ဖြင့် လှိုက်လှဲ စွာ ဝယ်ယူအား ပေးခဲ့ကြပြီး ယနေ့အချိန်အထိလည်း ပြည်သူများမှ ဆက်လက်၍ ဝယ်ယူအားပေး လျက်ရှိကြောင်း သိရသည်။

 

သက်တမ်းစေ့ရောက်ပြီး ဖြစ်သော ငွေတိုက်စာချုပ်များကို မိမိတို့လက်ဝယ်တွင် ဆက်လက်သိမ်း ဆည်း ထားခြင်းဖြင့် စာချုပ်ကိုသက်တမ်း (၁) နှစ် တိုးခြင်း၊ ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည် ရွေးနုတ်လိုသူများ ဖြည့်သွင်းရမည့် ပုံစံ(ဃ) ဖြည့်သွင်း၍ တန်ဖိုးငွေကို ပြန်လည်ထုတ်ယူခြင်း နှင့် ငွေတိုက်စာချုပ်တန်ဖိုးငွေကို အာဏာရှင်နိဂုံး (EOD) ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲဝယ်ယူခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က ထုတ်ပြန်ထား သည်။

 

သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်များကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်၍ ပြန်လည် ထုတ်ပေးလျက်ရှိရာ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၂.၂ (နှစ်ဒသမနှစ်) သန်းကျော်ကို ထုတ် ပေးပြီးဖြစ်ကြောင်း၊ သက်တမ်းစေ့ရောက်ပြီး ပြန်လည်ထုတ်ယူခြင်း မပြုဘဲ ဆက်လက်၍ အလို အလျောက် သက်တမ်းတိုးထားရှိသည့် ငွေတိုက်စာချုပ်များ၏ ပမာဏမှာ ၉၅% (ကိုးဆယ့်ငါး ရာခိုင် နှုန်း) ကျော်ရှိသောကြောင့် တော်လှန်ပြည်သူအများ၏ တော်လှန်ရေးပန်းတိုင်အထိ ဆက်လက် ထောက်ပံ့ကူညီရန် သန္နိဋ္ဌာန်နှင့် အောင်စိတ်တို့ကို အထူး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါ ကြောင်းNUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြောဆိုသည်။

 

ပြည်သူ့ နွေဦးတော်လှန်ရေးကြီးကို အဆုံးသတ်အောင်ပွဲဖြင့် တော်လှန်ရေးအောင်လံကို လွှင့်တင်နိုင် သည်အထိ မဆုတ်မနစ်သော ဆန္ဒ၊ ဝီရိယ၊ ပညာနှင့် အာဏာရှင်တော်လှန်ရေး စိတ်ဓာတ်တို့ဖြင့် ဆက်လက်အားဖြည့် တိုက်ပွဲဝင်သွားကြပါရန် NUG ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာနကတော်လှန်ပြည်သူများအပေါင်းအား လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *