TNLA News

0 0
Read Time:2 Minute, 12 Second

 မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်မှု ကြောင့် လက်ဖက်စက်ရုံတစ်ရုံနှင့် နေအိမ် ၆ လုံးပျက်စီး

 

D Day News

စက်တင်ဘာလ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက်ထိန်းချုပ်ထားရာ မန်တုံမြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ လက်ဖက်စက်ရုံတစ်ရုံနှင့် လူနေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

စက်တင်ဘာလ ၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က မန်တုံမြို့ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ တရုတ်လူမျိုးတစ်ဦးဖြစ်သူ ဦးအိုက် အေး၏ လက်ဖက်စက်ရုံပေါ် ကျရောက်ပေါက်ကွဲပြီး စက်ရုံပျက်စီးကာ အသက် ၂၁ နှစ်အရွယ် မောင် သက်နိုင်လင်း၏ ညာဘက်လက်နှင့် နံရိုးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ယခင် စစ်ကောင်စီတပ်ဖြစ်သည့် ၁၃၀ တပ်စခန်းပေါ်တွင် ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအနီးရှိ နေအိမ် ၆ လုံး ထိမှန်ခဲ့ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးသွားနေအိမ်များကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် PSLF/TNLA အုပ်ချုပ်နေသည့် နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မန်တုံ မြို့နယ်များရှိ ပြည်သူများကို ထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏလေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှုများ ပြုလုပ်နေကြောင်း TNLA က အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *