UN News

0 0
Read Time:4 Minute, 29 Second

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကြမ္မာဆိုး၏ အဓိကတရားခံသည် စစ်တပ်ဖြစ်သည်ကို ရှင်းလင်း မြင်သာပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် NUG ၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့များနှင့် သက်ဆိုင်သူများအားလုံးကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

 

D Day News

စက်တင်ဘာလ ၄

 

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကြမ္မာဆိုး၏ အဓိကတရားခံသည် စစ်တပ်ဖြစ်သည်ကို ရှင်းလင်း မြင်သာပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် NUG ၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့များနှင့် သက်ဆိုင်သူများအားလုံးကို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြားသည်။

 

စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြု လုပ်လျက်ရှိသည့် Executive Board of the United Nations Children’s Fund (UNICEF) ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအခြေအနေမှာ အလွန်အမင်း ဆိုးရွား လျက်ရှိသေးရာ မိမိတို့ အနေဖြင့် ပြဿနာအား ဖြေရှင်းနိုင်ရန် အလှမ်းဝေးလျက်ရှိပါကြောင်း၊ စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ကလေးငယ်များ အပါ အဝင် မြန်မာပြည်သူများအပေါ် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

ထို့ပြင် မြေပြင်တိုက်ပွဲများတွင် ဆက်တိုက် ရှုံးနိမ့်နေခြင်းနှင့် တပ်သာများ ဆုံးရှုံးနေခြင်း တို့ကြောင့် စစ်တပ်သည် အတင်းအကြပ် စစ်သားစုဆောင်းမှုကို လုပ်ဆောင်လျက်ရှိ ကြောင်း၊ ယင်းမှာ ရှိရင်းစွဲ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော နေရပ်စွန့်ခွာမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ လို အပ်ချက် တို့ကို သာ၍ ဆိုးရွားစေပြီး ပြည်သူများ ကြုံတွေ့နေသည့် အကျပ်အတည်းအပေါ် ဒုက္ခ ဆင့်ကဲ တိုးပွားစေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

 

UNICEF ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ် နေသော ဒုက္ခသည် ၁၈.၆ သန်းအနက် ၆ သန်းမှာ ကလေးငယ်များဖြစ်ကြောင်း၊ ထို့အတူ ကလေး ငယ် များသည် စစ်တပ်မှ ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြိုလဲလုနီးပါးဖြစ်နေသည့် ကျန်းမာရေးနှင့် ပညာရေးစနစ်၏ ဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကြမ္မာဆိုးများအတွက် အကြမ်းဖက် စစ်တပ်သည် အဓိကအရင်းခံ ဖြစ်သည်မှာ ရှင်းလင်းမြင်သာပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

 

မြန်မာနိုင်ငံတွင် အမှန်တကယ် အကူအညီ လိုအပ်နေသူများထံသို့ အသက်ကယ် အကူအညီများ ထိ ရောက်စွာ ပို့ဆောင်နိုင်ရန်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အ မျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများအပါအဝင် သက်ဆိုင် သူများအားလုံးနှင့် အချိတ်အဆက်ရှိရှိ ဟန်ချက်ညီညီ ဖြင့် ပူးပေါင်းဆောင်ရွက်ရန် အထူးအလေး အနက်ထား တိုက်တွန်းလိုပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံ အမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *