NUG News

0 0
Read Time:6 Minute, 15 Second

စစ်အာဏာရှင်ကို အမြစ်ဖြတ်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မည်ဆိုသော မြန်မာပြည်သူလူထု၏ ပြင်းပြသော ယုံကြည်ချက်ကို လေးစားရန် အင်မတန်အရေးကြီးကြောင်း အိမ်နီးချင်းတရုတ်အပါအဝင် နိုင်ငံတကာကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း အသိပေး

 

D Day News

စက်တင်ဘာလ ၄

 

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီ အ ရေး၊ အမျိုးသားတန်းတူညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝအာမခံချက်ပေးနိုင်သည့် ဖက်ဒ ရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရမည်ဆိုသော မြန်မာပြည်သူလူထု၏ ပြင်းပြသော ယုံကြည်ချက်ကို လေးစားရန် အင်မတန်အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းက အိမ်နီးချင်းတရုတ်အပါအဝင် နိုင်ငံတကာကို အသိပေး ပြောဆိုလိုက်သည်။

 

စက်တင်ဘာလ ၃ ရက် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ်၊ (၂၅/၂၀၂၄) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဒီတစ်ပတ်အတွင်းမှာတော့ နိုင်ငံတကာရေးရာကဏ္ဍနဲ့ စပ်လျဥ်းပြီး အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မြန် မာနိုင်ငံ လက်ရှိအခြေအနေတွေအပေါ် သဘောထားနဲ့ ပတ်သတ်ပြီး တော်လှန်ရေးအင်အားစုတွေ ကြား၊ ပြည်သူတွေကြားမှာ အတော်လေး ကျယ်ကျယ်လောင် လောင် ဆွေးနွေးပြောဆိုကြတာတွေ ကြားရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးချုပ်အနေနဲ့ ပြောလိုတာကတော့ တစ်နိုင်ငံ လုံး မှာရှိတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီတော်လှန်ရေးမှာ ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခုကို လက်ကိုင်ထားပြီး လက်ချင်းချိတ်ကာ အတူတကွဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ယုံကြည်ချက်ဆိုတာဟာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ် ဖြတ် တိုက်ဖျက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက် နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ ဒီယုံကြည်ချက်နဲ့အတူ ပြည်သူ တစ်ရပ်လုံးဟာ အ သက်တွေ စွန့်၊ ဘဝတွေ စွန့်ပြီး ဒီကနေ့ထိ နောက်မဆုတ်တမ်း တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအားလုံးက လေး စားပေးဖို့ အင်မတန် အရေးကြီးကြောင်း အစိုးရအဖွဲ့ အစည်းအဝေးက တစ်ဆင့် သတင်းစကားပါး လိုပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

မြန်မာ့အရေးကို စိတ်ဝင်တစားဖြင့် ကူညီဖြေရှင်းပေးရန် ကြိုးစားကြသည့် နိုင်ငံများအားလုံးကို အထူး ကျေးဇူးတင်ကြောင်း၊ အိမ်နီးနိုင်ငံများအပါအဝင် နိုင်ငံတကာအနေဖြင့် ကူညီဖြေရှင်းပေးသည့် အခါတွင် ပြည်သူလူထု၏ ဆန္ဒကိုလေးစားလိုက်နာရန်နှင့် ပြည်သူလူထုကိုယ်စားပြုသည့် တော်လှန် ရေးအင်အားစုများနှင့် ပူးပေါင်းညှနှိုင်းအဖြေရှာရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

 

“အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ အရေး အကြီးဆုံးက ကျွန်တော်တို့ ပြည်သူများရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူလူထုကို ကိုယ်စားပြု တဲ့ တော်လှန်‌ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန် တော်တို့ ဟာ ဒီတော်လှန်ရေးကို ပြင်းပြတဲ့ စိတ်ဓာတ်ကလွဲလို့ ဘာမှမရှိပဲ လက်ဗလာနဲ့ စပြီး တော် လှန်ခဲ့ကြတာဟာ မတရားမှုတွေကို လက်မခံနိုင်လို့ ဒီစနစ်ဆိုးကြီး တကျော့ပြန်မလည် လာအောင် အပြီးထိ တိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အသိပေးပြောကြားသည်။

 

ထို့အပြင် တော်လှန်ရေးကြီးပြီးဆုံးပါက မြန်မာနိုင်ငံနေရာဒေသအနှံအပြားရှိ တိုင်းရင်းသားများ အားလုံး ညှိနှိုင်းတိုင်ပင်ကာ တိုင်းပြည်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်သွားသွားမည် ဖြစ် ကြောင်း၊ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး မြန်မာ့အရေးကို ဝိုင်းဝန်းကူညီဖြေပေးကြရန် တိုက်တွန်းထား သည်။

 

“တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့ တစ်နေ့ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားက တိုင်းရင်းသားတွေ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ တိုင်းပြည် ကို အကောင်းဆုံး ပြန်လည်တည်ဆောက် နိုင်မယ်ဆိုတဲ့ ယုံကြည် ချက်လည်း ရှိပါတယ်။ ဒါကြောင့် အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အချာအာဏာကို လေးစားပေးပြီး မြန်မာ့ အရေးကို ဝိုင်းဝန်း ကူညီပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း တိုက်တွန်းပြောကြားပေး စေ လိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *