CDM News

0 0
Read Time:2 Minute, 49 Second

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်းလာသူ တပ်သား ၁ ဦး တနင်္သာရီ ပကဖထံ အလင်းဝင်

 

D Day News

စက်တင်ဘာ ၃

 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်းလာသူ တပ်သား ၁ ဦး တနင်္သာရီ ပကဖထံ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း – ၂ မှ ထံမှ သိရသည်။

 

စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီ ခန့်က တနင်္သာရီမြို့နယ် ၊ ဇဝဲရွာအခြေစိုက် ၅၅၆ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းမှ ထွက်လာသော စစ်ကြောင်းထဲမှ တပ်သား မင်းခန့် သည် ရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တနင်္သာရီမြို့နယ်ပကဖထံသို့ လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

 

အလင်းဝင်ရောက်ခဲ့သူ တပ်သားမင်းခန့်သည် ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုတွင် နေထိုင်သူဖြစ် ပြီး လမ်းခရီးတနေရာတွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲခံရကာ အဓမ္မတပ်သားစုဆောင်းခြင်းခံရသူ ဖြစ်ကြောင်း၊ စကက ၆ ဟင်္သတတွင် ၆ လ အကြာသင်တန်းတက်ခဲ့ ရပြီး ၂၀၂၄ ဇူလိုင် ၂၆ ရက်တွင် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းဆင်းခဲ့လာခဲ့သူဖြစ်ကြောင်း သိရသည်။

“သူက လက်နက်ဖွတ်ထားခဲ့ပြီး ရောက်လာတာ၊ ရောက်လာပြီးတော့ လက်နက်ကဖွတ်ထားခဲ့တဲ့နေ ရာကို ပြန်သွားယူတော့ မတွေ့ရတော့ဘူး၊ အခုတော့ သူ့ကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါ တယ်၊” ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့နောက် အကြမ်းဖက်စစ်ကောင်စီ၏ ၁၀၁ တပ်ရင်းတွင် ၂ နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့ကာ ရှေ့တန်းပို့ဆောင်ခံလိုက်ရပြီး စက်တင်ဘာလတွင် ရှေ့တန်းစစ်မြေပြင်ပို့ခံလိုက်ရကာ အခွင့်အရေး ရသဖြင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လကလည်း စစ်ကောင်စီတပ်သားသုံးဦး မြိတ်ခရိုင် ပူးပေါင်း စစ်ကြောင်း ၂ ထံ အ လင်းဝင်ခဲ့သေးကြောင်းသိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီက အသက်သွင်းကာ ပြည်သူများကို မဲဖောက်ရွေးချယ်ခြင်း၊ အိမ်ပေါ်တက် ဝင်ဆွဲခြင်း၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် တရားမဝင်နေထိုင်မှုဖြင့် ပြစ်ဒဏ်ကျခံပြီးပြန်လာသည့် မြန်မာနိုင်ငံသား များကို ဖမ်းဆီးကာ တပ်သားသစ်စုဆောင်းနေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *