Yangon News

0 0
Read Time:4 Minute, 4 Second

ပြည်သူအချင်းချင်း စာနာမှုမရှိပဲ ခေတ်ပျက်ချိန် သူဌေးဖြစ်ရန် ကြိုးစားနေသည့် လေဆိပ်က သတင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ Non CDM များနှင့် စစ်မှုထမ်းကိစ္စအကြောင်းပြပြီး ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးများကို အင်မတန်စိတ်ပျက်မိဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော

 

D Day News

စက်တင်ဘာလ ၃

 

ပြည်သူအချင်းချင်း စာနာမှုမရှိပဲ ခေတ်ပျက်ချိန် သူဌေးဖြစ်ရန် ကြိုးစားနေသည့် လေဆိပ်က သတင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ Non CDM များနှင့် စစ်မှုထမ်းကိစ္စအကြောင်းပြပြီး ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူးများကို အင်မတန်စိတ်ပျက်မိဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော ကြားသည်။

 

ယနေ့ စက်တင်ဘာလ ၃ ရက် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ်၊ (၂၅/၂၀၂၄) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တိုင်းပြည် ဒီလိုအခက်အခဲဖြစ်နေချိန် ပြည်သူတွေအတိဒုက္ခရောက်နေချိန်မှာ ပြည်သူ အချင်းချင်း စာနာမှုမရှိပဲ ခေတ်ပျက်ချိန် သူဌေးဖြစ်ဖို့ ကြိုးစားနေတဲ့ လေဆိပ်က သတင်းရဲ တပ်ဖွဲ့နဲ့ လေကြောင်း ရဲတပ်ဖွဲ့က အကျင့်ပျက် Non-CDM ဝန်ထမ်းတွေနဲ့ စစ်မှုထမ်းကိစ္စ အကြောင်းပြုပြီး ပြည်သူတွေစီက ငွေညစ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေအကြောင်း ကြားရတာ လည်း အင်မတန် စိတ်ပျက်မိပါတယ်။ ဒါ ကြောင့် ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခေတ် ဟောင်းစနစ်ဟောင်းနဲ့အတူ မကောင်းတဲ့ အ ကျင့်ပျက် ခြစားမှုတွေကိုပါ တစ်ခါတည်း တိုက်ထုတ်ပစ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။” ဟု ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ယခခုအခါ NUG အစိုးရ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်တွင်လည်း တာဝန်ရှိသူအချို့သည် လုပ်ပိုင် ခွင့်ကို အလွဲသုံးစားလုပ်ကာ လက်နက်အားကိုးဖြင့် ပြည်သူကို နိုင့်ထက်စီးလုပ်လိုသူအချို့ရှိကြောင်း၊ ၎င်းတို့ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

“အခုဆိုရင် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ထဲမှာလည်း တစ်ချို့ တာဝန်ရှိသူတွေ ဟာလုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်လာတာမျိုးတွေနဲ့ လက်နက်အားကိုးပြီး ပြည်သူကို နိုင့်ထက်စီး နင်း လုပ်လိုသူ တစ်ချို့ရှိတာ ကြားသိရပါတယ်။ ဒါတွေကို ပြတ် ပြတ်သားသား ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကို ထပ်မံမှာကြား လိုပါတယ်။ ပြည်သူ့အင်အားနဲ့ သွားနေတဲ့ တော် လှန်ရေးမှာ တော်လှန်ရေးတာဝန်ယူထား ကြတဲ့ တာဝန်ရှိသူတွေက အာဏာပြအနိုင်ကျင့်တာမျိုး ကျွန်တော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ လူတွေဆိုတာတော့ အမျိုးမျိုးဖြစ်နိုင်တဲ့အတွက် မူ ဝါဒ ခိုင်ခိုင်မာမာနဲ့ သေချာထိန်းကျောင်းသွားကြဖို့ တိုက်တွန်းလိုပါတယ်။ နိဂုံးချုပ်အနေနဲ့တော့ ပန်း တိုင်နီးလာ လေလေ ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံကနေ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ တိုင်ပင် ညှိနှိုင်း ရ မယ့် ကိစ္စတွေမှာ သတိကြီးကြီးနဲ့ အလေးထားစီမံဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *