Mandalay News

0 0
Read Time:4 Minute, 31 Second

မန္တလေးမြို့ နန်းတွင်းရှိ စစ်တပ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ဒုချုပ်စိုး ဝင်း ၏ PA ဗိုလ်မှူး ကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၃

 

မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ခေါင်းဆောင် ဒုချုပ် စိုးဝင်း၏ PA ဗိုလ်မှူးကြီး ၁ ဦးအပါ အဝင် ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BW M) အဖွဲ့ ၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က မန္တလေးရှိ၊ အာဏာသိမ်း စစ်ရှုံးကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံး ကို အောင် မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁၀၂၇ ဒုတိ ယ လှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ် စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှတစ်ခုဖြစ်ည်။

 

ယခုအခါ တော် လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ် သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ BWM အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ် ဆင် ရေး ကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြိုလဲရန် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒုတိယ အ ကြိမ် မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“အထိအခိုက်အပျက်အစီးကတော့ ထပ်မံ သတင်းထုတ်ပြန်ပါ့မယ်။ စုံစမ်းနေဆဲပါပဲ။ နန်းတွင်း လပခ ကို ပစ်တဲ့အချိန်မှာ နန်းတွင်းထဲကနေ စစ်တပ်က ပြန်ပစ်တယ်။ အဲဒီမှာ ပြည်သူ့နေအိမ်တွေ ထိ တယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

အခြားတော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကမူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ် ခတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း၏ PA တစ်ဦးဖြ်သည့် ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“နန်းတွင်းမှာ စိုး၀င်း ပီအေ ဗိုလ်မှူးကြီး ၁ ဦးနဲ့ အရာရှိ ၃ ဦး အပါအ၀င် စုစု ပေါင်း ၁၈ ဦးထိခိုက်ဒဏ် ရာရ တယ်။ ၄ ဦး စိုးရိမ်ရရတယ်။ စိုး၀င်းကတော့ ရဟတ်ယာဥ်နဲ့ နေပြည်တော် ပြန်ရောက်လာ တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

 

ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သော BWM အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ လေ တပ်နှင့် အခြားအရေး ကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန် ရေး အင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိကြောင်း၊ အေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဖြစ် ကြောင်း၊ စစ်ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *