Sagaing News

0 0
Read Time:3 Minute, 27 Second

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာစခန်းတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦး သေဆုံး၊ သရက်မြို့နယ်နှင့်မင်းတုန်းမြို့ရှိ စစ်တပ် ဂိတ်စခန်း၊ စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရ

 

D Day News

စက်တင်ဘာလ ၂

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား၊ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးလက်ရုံးတပ်တော် – SAF က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၇ ရက် ညနေ ၃ နာရီအချိန်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ ကာကင်း စခန်း တစ်ခုဖြစ်သော ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ ပျူစောထီး၊ စစ်သား ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ အမြောက်အများအသုံးပြုခုခံခဲ့ကြောင်း သိရသည်။

 

ထို့သို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသည် ညနေ ၆ နာရီအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂၀ ဦးသေဆုံးကာ ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော် ၁ ဦးအပါအဝင် ပြည်သူ့ကာ ကွယ်ရေးရဲဘော် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်တပ်များဖြစ်သော ULF စစ် ကြောင်း၊ BLDF၊ ဘုတလင် Local mobile၊ ဗျူဟာ ၄၆ ယင်းမာပင်ခရိုင်တပ်ရင်း (၁၈၊ ၂၅၊ ၃၀၊ ၃၂)၊ ဗျူဟာ ၄၇ ယင်းမာပင်တပ်ရင်း (၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆)၊ ဗျူဟာ ၄၅ ယင်းမာပင်တပ်ရင်း (၂၁၊ ၂၂၊ ၂၃)၊ မုံရွာခရိုင်တပ်ရင်း (၂၀၊ ၂၃)၊ B 21၊ YRF နှင့် Sallingyi GZ တို့ ပူး​ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အလားတူ မကွေးတိုင်း၊ သရက်မြို့နယ်၊ တွင်းလည်ကျေးရွာ၊ ဘုရာကုန်းရွာအနီး၌ အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံး တပ်တော် -SAF ထံမှ သိရသည်။

 

ဩဂုတ်လ ၁၁ ရက်နေ့က သရက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပဖ ၁၂ မှ အင်အား ၅၀ ခန့် ဖြင့်ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကပစ ၁၂ နှင့် ၆ မိုင်ခန့်အကွာ တွင်းလည် ကျေးရွာ ဘုရားကုန်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မကွေးတိုင်း၊ မင်းတုန်းမြို့ ၅ မိုင်ဂိတ်စခန်းနှင့် မင်းတုန်းမြို့ မီးသတ်ရုံး၊ လဝကရုံးတို့ကို ကျောင်းသားလက်ရုံးတပ်တော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီသားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ် ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *