Bago News

0 0
Read Time:3 Minute, 59 Second

လက်ပံတန်းမြို့နယ်တွင် ဆေးခြောက်စိုက်၊ ဆက်ကြေးကောက်၊ စစ်တပ်နှင့်ပေါင်းပြီး PDF ကို စိန် ခေါ် နေသူ ပျဉ်းကတိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

စက်တင်ဘာလ ၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကျေးရွာအုပ်စုတွင် ဆေးခြောက်စိုက်၊ ဆက်ကြေးကောက်၊ အကြမ်းဖက်စစ်အုပ်စုနှင့်ပေါင်းပြီး PDF ကို စိန်ခေါ်နေသေူ အုပ်ချုပ်ရေးမှူး ဌေးနိုင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၁၁ နာရီခန့်က လက်ပံတန်းမြို့နယ်၊ အနောက်ဘက်ခြမ်း ဧရာ ဝတီမြစ် ကမ်းဘေးရှိ ပျဥ်းကတိုးကုန်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ် ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နွေဦးရောင်ခြည် စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း၊ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံရဲများ‌ ရောက်ရှိလာပြီး အလောင်းကို သယ်ဆောင်သွားကြောင်း သိရသည်။

“ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ရခတွေ အဲဒီရွာကို‌ရောက်လာပြီး မနက် ၈ နာရီခွဲလောက်ကြတော့ မြို့ကို အလောင်းသယ်သွားတယ်လို့ သိရပါတယ်။ သူ့ကို ကျနော်တို့က ၂၀၂၂ခုနှစ်ကတည်းက သတိပေးစာထုတ်ဖူးပါတယ်။ သူက ပျူခေါင်းဆောင်လည်းဖြစ်သလို စကစရဲ့အဓိကထောက်တိုင်ပါ။ လောင်းကစားဝိုင်းတွေလုပ်ပြီး ငွေရှာပေးတယ်။ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပြီး ငွေရှာပေးတယ်။ စစ်မှုထမ်းအကြောင်းပြပြီး ပြည်သူလူထုအပေါ် ငွေတောင်းခံတာတွေလုပ်တယ်။ သူ့ကြောင့်အပြစ်မဲ့ ပြည်သူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရဖူးပါတယ်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အုပ်ချုပ်ရေးမှူး ဌေးနိုင်ဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ၄င်း၏ သတင်းပေးတိုင် ကြား မှုကြောင့် ဒေသခံ ပြည်သူ ၁၀ဦးထက် မနည်း ဖမ်းဆီးခံရကာ ပြည်သူတချို့ တိမ်းရှောင် နေ ရခြင်း၊ စစ်ကောင်စီအလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေး ခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများကို ဦးဆောင်လုပ်ကိုင်၍ ဆက်ကြေးကောက် ခံခြင်း၊ ဆေးခြောက်ပင်များကို ကိုယ်တိုင်စိုက်ပျိုးသည့်အပြင် အခြားသူများကိုလည်း ငွေကြေးယူ၍ စိုက်ခိုင်းခြင်း၊ ပြည်သူပိုင် မြေနုကျွန်းများကို ဒေသခံများအား တရားမျှတစွာ ခွဲဝေပေးခြင်းမရှိဘဲ ပျူစောထီးခေါင်းဆောင် ဌေးအောင်၊ ရဇိန်ဆိုသူတို့နှင့်ပေါင်းကာ မတရားသိမ်းယူ၍ ရောင်းစားနေ ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အုပ်ချုပ်ရေးမှူး ဌေးနိုင်သည် စစ်ကောင်စီတပ်အားကိုးဖြင့် ဒေသနေပြည်သူများကို ဖိနှိပ် ဒုက္ခပေး နေသဖြင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၂ခုနှစ် ဧပြီလတွင် စာထုတ် သတိပေးခဲ့ရာ စစ်တပ်ရှိရင် PDF ဆိုတာ ခေ္းလောက်တောင် ဂရုစိုက်စရာမလို” ဟု ပြောဆို၍ PD Fများကို စိန်ခေါ်ခဲ့သူဖြစ်ကြောင်း၊ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *