Magway News

0 0
Read Time:2 Minute, 29 Second

ရေစကြိုမြို့၊ ၂၅၈ တပ်ရင်းမှ ဗိုလ်ကြီးဇော်လင်း ပစ္စည်းများနှင့်အတူ စစ်တပ်မိသားစုဝင် ၂ ဦးကို ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၂

 

မကွေးတိုင်း၊ ရေစကြိုမြို့၊ ဖူလုံစစ်တပ် ၂၅၈ တပ်ရင်းမှ ဗိုလ်ကြီးဇော်လင်း ပစ္စည်းများနှင့်အတူ စစ်တပ် မိသားစုဝင် ၂ ဦးကို ဖမ်းမိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁ ရက် နံနက် ၇ နာရီခန့်တွင် ရေစကြိုမြို့၊ ဖူလုံစစ်တပ် ၂၅၈ တပ်ရင်းမှ တပ်ပြောင်းရွှေ့ပြုလုပ်ရန်အတွက် ဗိုလ်ကြီး ဇော်လင်း၏ အိမ်ထောင်ပရိဘောဂ ပစ္စည်းများ သယ် ဆောင်လာသည့် ကန်တာကားကို ရေစကြို – ပခုက္ကူ လမ်းခုလတ်တနေရာတွင် Southern YSO PDF အဖွဲ့မှ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းစဉ် ကားဒရိုင်ဘာ တစ်ယောက်အပြင် ပြီးခဲ့သော ၈ လက ရေစကြို ၂၅၈ တပ်မှ တာဝန်ထမ်းဆောင်ပြီး ရှမ်းမြောက်ဒေသမှာ သေဆုံးသွားသော (လင်ယောက်ျား သေဆုံး) တပ်မိသားစု သားအမိ ၂ ဦး အပါအဝင် ဖမ်းဆီးရရှိခဲ့ပြီး ဗိုလ်ကြီးဇော်လင်း၏ ပစ္စည်းများမှာ အိမ် ထောင်ပရိဘောဂပစ္စည်းများ၊ ဗိုလ်ကြီးဇော်လင်း ၏ စစ်သင်တန်းဆင်း လက်မှတ်များ၊ ဗိုလ်ကြီး ဇော်လင်း ၏ လစာထုတ် အင်းဝဘဏ် စာအုပ်များ ၊ တပ်တွင်းအပေါင်ခံ လစာထုတ်ကဒ်များ ဗိုလ် ကြီးဇော်လင်း ၏ မင်္ဂလာဆောင်မှတ်တမ်း ဓာတ်ပုံများ ၊ ဗိုလ်ကြီး ဇော်လင်း ၏ ငယ်ကျိုးငယ်နာ ရည်းစားစာများ စသည်တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရရှိသော Canter ကားသည် အကြမ်းဖက်စစ်သားများ အသုံးပြုသော လုပ်ငန်းစဉ် များတွင် တိတ်တိတ်ဆိတ်ဆိတ် အသုံးပြု သုံးစွဲနေသော ကားဖြစ်သည်ကို ပြီးခဲ့သော ၂ လ ဝန်းကျင် ကတည်း စုံစမ်း စစ်ဆေး သိရှိခဲ့ပြီး ယင်းကားကို Southern YSO PDF အဖွဲမှ တော်လှန်ရေး လုပ်ငန်း စဉ် အသုံးပြုရန်အတွက် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသော လူပုဂ္ဂိုလ်များကို မြေပြင်သတင်းသတင်းအချက်အလတ်များနှင့်တိုက်ဆိုင် စစ်ဆေး ပြီး အပြစ်မရှိသူများကို ပြန်လည်လွတ်မြောက်ပေးရန် စီစဉ်နေဆဲဖြစ်ကြောင်း Southern YSO PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *