Poem

0 0
Read Time:1 Minute, 46 Second

ကဗျာ ကဏ္ဍ “ပြည့်ခွန်အား”

 

ပျိုးကြဲလက်

 

ငယ်ဖော်ရောင်းရင်း ၊ သူငယ်ချင်းရ

မင်းတို့နှင့်ငါ ၊ ကျောင်းတော်သာမှာ

ပညာရည်နို့ ၊ အတူစို့၍

ငါတို့ကိုယ်စီ ၊ တို့တိုင်းပြည်၏

ဇာနည်သားလောင်း ၊ ဆရာကောင်းတို့

သွန်းလောင်းထုဆစ် ၊ ဟိတ်အမြစ်သည်

ချစ်ဖွယ်စွန့်စား ၊ နိုင်ငံ့သားဟု

အများပါးစပ် ၊ ဂုဏ်အင်ထပ်ပြီ

တပ်တော်ထဲကသူငယ်ချင်း ။

 

ဘဝတကွေ့ ၊ ပြန်ဆုံတွေ့သော်

ဟေ့သူငယ်ချင်း ၊ ငါ့ရောင်းရင်းရ

မင်းကပြည်ချစ် ၊ သားကောင်းဖြစ်ပြီ

ရင်နှစ်သည်းချာ ၊ ရတနာဟု

နေရာမလပ် ၊ အောင်လံထပ်၍

တပ်နှင့်ပြည်သူ ၊ ဖေးမကူသည်

ငါ့လူဂုဏ်ဆန်း ၊ သပြေပန်းနှင့်

ရွှင်လန်း၍ပါတကား ။

 

လူသူမနီး ၊ တောတောင်ကြီး၌

မိုးသည်းလေထန် ၊ ကြံ့ကြံ့ခံလျှက်

မှန်ရာလည်းရပ် ၊ အသက်အပ်သည့်

တပ်တော်မှဖွား ၊ ပြည့်ချစ်သားဟု

ဝံ့ကြွားလိုက်ပါ ၊ တို့ပြည်သာမှာ

မင်းဟာပြည်သူ ၊ ဖေးမကူသည့်

လူလိုစစ်သား ၊ ပြည့်ခွန်အားကွ ။

 

ငါ့သူငယ်ချင်း ၊ အမှောင်ခွင်း၍

အလင်းဆောင်ရာ ၊ တို့ပြည်သာမှာ

နောင်လာနောက်သား ၊ မျိုးဆက်များက

အားကိုးယုံကြည် ၊ ကမ္ဘာတည်ထိ

ဇာနည်ထုကို ၊ အချစ်ပိုမည်

စိတ်လိုလိုက်၍ မပျက်နှင့်။

 

ဟေ့သူငယ်ချင်း ၊ တပ်တော်တွင်းမှ

သက်နှင်းပေးဆပ် ၊ မှန်ရာရပ်သည့်

ထပ်ထပ်ဂုဏ်ထွား ၊ ပြည်သူ့သားကို

ငါကားမှန်းဆ ၊ ဂုဏ်ယူရပြီ

အလေးနီပြုသည် သူငယ်ချင်း။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၅၉ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *