PDF News

0 0
Read Time:8 Minute, 0 Second

ဗိုလ်နဂါးဦးဆောင်သည့် BNRA နှင့် Generation Z Army – GZA တို့ အညာဒေသ မဟာမိတ်ညီနောင်အဖြစ် ပူးပေါင်း

 

D Day News

စက်တင်ဘာလ ၁

 

ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် Burma National Revolutionary Army (BNRA) နှင့် ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် Generation Z Army (GZA) တို့ အညာဒေသ မဟာမိတ်ညီနောင်အဖြစ် ပူးပေါင်းလိုက်ကြောင်း ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင်ကြေညာ သည်။

 

တိုင်းပြည်နှင့်လူထုကောင်းကျိုးအတွက် စစ်အာဏာရှင်စနစ်နှင့်တကွ အာဏာရှင်စနစ်ဟူသမျှကို အတူတကွတွန်းလှန်ဖြိုဖျက်၍ တိုင်းရင်းသားအားလုံး သာတူညီမျှရှိသည့် နိုင်ငံတော်သစ်တရပ် တည် ထောင်နိုင်ရေးသည် လွန်စွာအရေးကြီးနေပြီဖြစ်သဖြင့် တိုင်းရင်းသားများ၏ ကြိုးစားအားထုတ်မှုနှင့် အတူ အညာဒေသတွင်လည်း ဘုံရန်သူကိုတိုက်နေကြသည့် တော်လှန်ရေးအဖွဲ့များပေါင်းစည်း နိုင် ကြလျှင် ခိုင်မာအားကောင်းသည့် မဟာမိတ်တပ်ပေါင်းစုကြီးဖြစ်လာကာရန်သူကိုထိရောက်စွာ တိုက် ခိုက်အောင်မြင်နိုင်မည်ဟူသည့်ယုံကြည်ချက်ဖြင့် စတင်ကာ တပ်ပေါင်းစုလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

 

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- BNRA နှင့် ဂျန်ဇီလူငယ်မျိုးဆက်တပ်‌တော် Generation Z Army (GZA) တို့၏ ညီနောင်မဟာမိတ်နှစ်ဖွဲ့ကြား စစ်ရေး/နိုင်ငံရေး ပူးပေါင်းဆောင် ရွက်မှုတွင် အောက်ပါစည်းကမ်းချက်များကို ညီနောင်နှစ်ဖော်စလုံးသဘောတူလိုက်နာကြမည်ဖြစ်ကြောင်း သိရသည်။

 

၁။ လုပ်ဆောင်ရမည့်တာဝန်များ

 

ကျွန်ပ်တို့ညီနောင်တပ်တော်နှစ်ရပ်လုံး၏ ကာကွယ်ရေး၊ လုံခြုံရေး၊ လေ့ကျင့်ရေးနှင့် အုပ်ချုပ်ရေးကို အတူပူးတွဲလုပ်ဆောင်ကြမည်ဖြစ်ပြီး စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပူးတွဲစစ်ဆင် ရေးများလုပ်ဆောင်ရန်အပြင် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်မှုမြင့်တင်ရေး၊ ပြည်သူလူထုအတွက် စိတ်ရောကိုယ်ပါလုံခြုံမှုရရှိစေရေးနှင့် ဒေသတွင်းအခြေခံလိုအပ်ချက်များဖြည့်တင်းနိုင်ရေး တို့ပါဝင် သည်။

 

၂။ အမိန့်နှင့်ထိန်းချုပ်မှု

 

ညီနောင်မဟာမိတ်နှစ်ဖွဲ့သည် နှစ်ဖက်တပ်များ၏ သက်ဆိုင်ရာအကြီးတန်းအရာရှိများဖြင့်ဖွဲ့စည်း ထား သော Joint Command Council (JCC) ကိုထူထောင်မည်ဖြစ်သည်။ JCC သည် မဟာဗျူဟာ ကြသောဆုံးဖြတ်ချက်ချခြင်း၊ လုပ်ငန်းလည်ပတ်မှုညှိနှိင်းခြင်းနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို ကြည့် ကြပ်ခြင်းအတွက်တာ၀န်ရှိရမည်။ JCC မှချမှတ်သော စစ်ဆင်ရေးအမိန့်နှင့် တာဝန်များကို နှစ်ဖက် တပ်ဖွဲ့ ဝင်အဆင့်ဆင့်က လိုက်နာဆောင်ရွက်ကြရမည်။

၃။ ဆက်သွယ်ရေး

 

တပ်တော်များကြားတွင် လုံခြုံပြီး ယုံကြည်စိတ်ချရသောဆက်သွယ်ရေးလမ်း ကြောင်းကိုထူထောင် ရမည် ဖြစ်သည်။ ကုဒ်ဝှက်ထားသောလိုင်းများနှင့် အရေးပေါ်ဆက်သွယ်ရေးအတွက် တိကျသေချာ ပြီး လွယ်ကူလျှင်မြန်သောဆက်သွယ်ရေးကွန်ယက်များကိုဖွဲ့စည်းထားရမည်။

 

၄။ သတင်းချက်အလက်များကိုမျှဝေခြင်း

 

‌မြေပြင်သတင်းအချက်အလက်များနှင့် စစ်ရေးသတင်းအချက်အလက်များကို ဉီးဆောင်သူများ အကြားအပြန်အလှန်မျှဝေရမည်ဖြစ်သည်။ အရေးကြီးသောသတင်းအချက်လက်များအား ပေါက် ကြားမှုမရှိစေရန်အတွက်ညီနောင်မဟာမိတ်များအကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

 

၅။ စစ်ဆင်ရေးညှိနှိုင်းဆောင်ရွက်မှု စစ်ဆင်ရေးများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် ပုံမှန်ပူးတွဲလေ့ကျင့်မှုများကိုပြုလုပ်သွားရမည်ဖြစ်သည်။သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပို့လုပ်ငန်း များကိုလည်း တပ်တော်များအကြား အပြန်အလှန်ကူညီပံ့ပိုးသွားရမည်ဖြစ်သည်။ ပူးပေါင်းစစ်ဆင် ရေးများတွင် ရန်သူ့ထံမှသိမ်းဆည်းရမိပစ္စည်းများအပေါ် ပါဝင်သည့်အင်အားစုအလိုက် အချိုးမျှတစွာ ခွဲဝေကြရမည်။

 

၆။ ထိတွေ့ဆက်ဆံမှုဆိုင်ရာစည်းကမ်းများ

 

ညီနောင်မဟာမိတ်များသည်သဘောတူထားသော စေ့စပ်ညှိနှိုင်းမှုဆိုင်ရာစည်းမျဉ်း Rules of Engagement (ROE) ကို လိုက်နာရမည်ဖြစ်သည်။ ဤစည်းမျဉ်းများသည် အရပ်သားပြည်သူ များအား ကာကွယ်ရေးနှင့်ရဲဘော်များ၏ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများကိုအာမခံချက်ပေးနိုင်သည့် နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီရမည် ဖြစ်သည်။

 

၇။ ထောက်ပံ့ပို့ဆောင်ရေးနှင့်ပံ့ပိုးမှု

 

နှစ်ဖက်တပ်များသည် ပူးပေါင်းစစ်ဆင်ရေးအတွက်လိုအပ်သော စက်ကိရိယာများ၊ လက်နက်ခဲယမ်း များ၊ ယာဉ်ယန္တရားများ၊ အဆောက်အဦးနှင့် ရဲဘော်များအပါအဝင် အရင်းမြစ်များကိုမျှဝေရမည်ဖြစ် သည်။ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကိုလည်း ညီနောင်မဟာမိတ်များအကြား အပြန်အလှန် ကူညီထောက်ပံ့ပေးရမည်ဖြစ်သည်။

 

၈။ ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများ

 

ညီနောင်မဟာမိတ်အဖွဲ့များလုပ်ဆောင်မှုအားလုံးသည် ဥပဒေနှင့်အညီဖြစ်ရမည်။ အကျဉ်းသားများ သို့ မဟုတ် သုံ့ပန်းများအား လူသားဆန်စွာဆက်ဆံမှုနင့် လူ့အခွင့်ရေးကာကွယ်မှုတို့အပါအဝင် ကျင့် ဝတ်စံနှုန်းများကို နှစ်ဖက်အဖွဲ့စည်းများမှလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

 

၉။ အပြန်အလှန်ရပ်တည်မှု

 

မဟာမိတ်ညီနောင်တပ်ဖွဲ့တခုချင်းစီ၏ အခက်အခဲ၊ပြဿနာများနှင့် စဉ်ဆက်မပြတ်သောနိုင်ငံရေး အရွေ့အတွင်း ဖိအားများကို အပြန်အလှန်ရင်ဆိုင်ရပ်တည်ဖြေရှင်းပေးကြရင်း စစ်ရေးကဏ္ဍတွင် သာ မက နိုင်ငံရေးအရပါ အတူတကွကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်သည်။

 

၁၀။ ပြန်လည်သုံးသပ်ခြင်းနှင့်အကဲဖြတ်ခြင်း

 

မဟာမိတ်နှစ်ဖွဲ့သည် ပူးတွဲလုပ်ဆောင်မှုများနှင့် အလုံးစုံထိရောက်မှုတို့ကို ပုံမှန်ပြန်လည်သုံးသပ် ခြင်းနှင့် အကဲဖြတ်ခြင်းများပြုလုပ်ရမည်ဖြစ်သည်။ ပြောင်းလဲလာသောအခြေနေနှင့် သင်ခန်းစာများ ကိုအခြေခံ၍ လိုအပ်သောပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ရမည်ဖြစ်သည်။

 

၁၁။ အရေးယူအပြစ်ပေးခြင်း

 

တပ်ဖွဲ့ဝင်များအချင်းချင်းခိုက်ရန်ဖြစ်မှုများကို လုံးဝတားမြစ်ပြီး ဖြစ်ပေါ်လာပါက အပြစ်ကြီးငယ်အ လိုက် မျက်နှာမလိုက်ဘဲ အပြစ်ပေးအရေးယူရမည်။ ညီအကိုအဖွဲ့အစည်းအတွင်း သွေးကွဲစေရန် လှုံ ဆော်ပြောဆိုမှုကို လုံးဝခွင့်လွှတ်မည်မဟုတ်ဘဲ အမှုအလိုက် အပြစ်ပေးရမည်။ ညီနောင်အဖွဲ့များ အကြား သွေးစည်းညီညွတ်ရေးသည် အဓိကကျသည့်အတွက် အထူးသတိထား စောင့်ကြည့်ပြီး မသိ နားမလည်မှုများကို ပညာပေးခြင်းနှင့်အတူ အရေးယူခြင်းများကို ထင်သာမြင်သာရှိစွာ ဆောင်ရွက် သွားရမည် ဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *