မြိုင်မြို့နယ်၊ သရက်ကွပျူစခန်းအတွက် Y12 လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာထုတ်များကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ
D Day News
ဩဂုတ်လ ၃၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွပျူစခန်းအတွက် Y12 လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာထုတ်များ ကို သိမ်းဆည်းရရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force ထံမှ သိရသည်။
ဩဂုတ်လ ၃၀ ရက်နေ့က မြိုင်မြို့နယ်၊ သရက်ကွရွာ စစ်သား၊ ပျူများအတွက် ရိက္ခာများကို အကြမ်း ဖက်စစ်ကောင်စီက Y12 လေယာဉ်ဖြင့် အထုပ်ရေ ၅၀ ခန့်ချပေးခဲ့ရာ ယင်းတို့အနက် ဆန်၊ ပဲ၊ ငါးခြောက်၊ ဆေးလိပ်နှင့် အသင့်စားဆန်ပြုတ်ထုပ်များပါဝင်သည့် အထုပ်အချို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့်ချပေးသည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အကြမ်းဖက်စစ်သား၊ ပျူကင်းပုန်းများနှင့် တွေဆုံပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား၊ ပျူများ ထိ ခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
အဆိုပါ နယ်မြေရှင်းလင်းမှုကို Ghost of Enemies – G.O.E. Revolution Force နှင့်အတူ ဓားမင်း ကြီး အဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့၊ ဗိုလ်စတီးအဖွဲ့နှင့် မြိုင်ပ.က.ဖတပ်ခွဲ ၄ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
D Day News