Tanintharyi News

0 0
Read Time:3 Minute, 32 Second

ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ မီးသွေးဖို လုပ်ငန်း လုပ်ကိုင်လုပ်နေသူ ၅ ဦးကို စစ် တပ်က ဖမ်းဆီး ပြီး ရာဘာဂိုဒေါင်တစ်လုံးအပါအဝင် လူနေအိမ်များ၊ မီးသွေးဖို အဆောင်များကို မီးရှို့ဖျက်ဆီး

 

D Day News

ဩဂုတ်လ ၃၁

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ မီးလုပ်ကိုင်နေ သူ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရာဘာဂိုဒေါင်တစ်လုံးအပါအဝင် လူနေအိမ်များ၊ မီးသွေးဖို အဆောင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က အင်အား ၆၀ ခန့်ဖြင့် ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ ဒေသအခေါ် နံပါတ် ၂ ချောင်းအတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများသည် မီးသွေးဖို လုပ်ငန်း လုပ်ကိုင်လုပ်နေသူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရာဘာဂို ဒေါင် တစ်လုံးအပါအဝင် လူနေအိမ်များ၊ မီးသွေးဖို အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယခု အချိန်အထိ မလီဝမ်းနှင့် ရှမ်းကူးဒေသတို့တွင် ရှိနေသေးကြောင်း သိရသည်။

“လူနေအိမ်က လေးငါးခြောက်လုံးလောက်ပါမယ်၊ မီးသွေးပေါင်းအဆောင်က  အနည်းဆုံး ၃ ဆောင် လောက်ပါမယ်။ အလုံးရေက ပြောပြလို့မရဘူး။ အဆောင်တစ်ဆောင်ကို ၂ လုံးတွဲရှိတယ်။ ၃ လုံးတွဲ ရှိတယ်။တချို့ကျတော့လည်း ၄ လုံးတွဲရှိတယ်။ အဲဒီချောင်းထဲမှာက အိမ်ကတော့ သိပ်ပြီးများများစား စားမရှိဘူး။ အိမ်က လေးငါးဆယ်လုံးပဲရှိမှာ။ သူတို့က ယာယီနေထိုင်သူတွေမဟုတ်ဘူး။ နှစ်ရှည် ရွှေ့ ပြောင်းနေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ၊ အဲဒီမှာ နေထိုင်ပြီးတော့လုပ်ကိုင်နေကြတာ။ ပြီးတော့ ရာဘာဂိုဒေါင်တစ်လုံးလည်းပါတယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများသည် ဩဂုတ်လ ၂၄ ရက်နေ့မှ စ၍ ခမောက်ကြီးမြို့အခြေစိုက် တပ်ရင်းမှ  ထွက်လာကာ မလီဝမ်းဒေသနှင့် ရှမ်းကူးရွာဒေသဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာကာ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ကင်းပုန်းဝပ်ခြင်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

“လမ်းဘေးမှာ ဂိတ်ချပြီးတော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာရှိတယ်၊ လမ်းဘေးမှာ ကင်း ပုန်းဝပ်တာတွေလုပ်တွေ၊ အဲဒီမလူဝမ်းနဲ့ ရှမ်းကူဒေသတွေက တောတောင်တွေကို လိုက်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်ကြတာပေါ့၊ နီးစပ်ရာ ဥယျာဉ်ခြံတွေမှာလည်း လိုက်ပြီး တော့ စစ်ဆေး တာမေးမြန်းတာတွေလုပ်တယ်။ လမ်းမှာဂိတ်ချစစ်ဆေးတဲ့နေရာမှာလည်း ယောက်ျား လေးတွေ ဆိုရင် တစ်ကိုယ်လုံးကို ရှာဖွေတယ်၊ ဖုန်းတွေလည်း စစ်ဆေးတယ်၊ တချို့ဆိုရင် တစ်ညလောက် သူတို့နားမှာ ထိုင်ခိုင်းထားတာမျိုးတွေရှိတယ်၊ ဘယ်မှ ပေးမသွားပဲ စစ်ဆေးတဲ့နားမှာ တစ်ညလုံး ဘယ်မှမသွားနဲ့ဆိုပြီး ထိုင်ခိုင်းတာတာတွေရှိတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *