Poem

0 0
Read Time:1 Minute, 8 Second

ကဗျာ ကဏ္ဍ “မြန်မာ”

 

ပျိုးကြဲလက်

 

ရာဇကုမာရ် ၊ ကျောက်ထက်စာက

ငါတို့အမျိုး ၊ လက်ညှိုးထိုး၍

ရိုးသားစွာပါ့ ၊ လမ်းညွှန်ပြ၏ ။

 

တာဝန်ကျေပွန် ၊ ခေတ်တိုင်းလွန်၍

ပျူမွန်မြန်မာ ၊ ပါဠိစာဖြင့်

နောင်လာနောက်သား ၊ အသိပွားအောင်

ချန်ထားခဲ့ဘိ ၊ ချန်ခဲ့၏ ။

 

ပျူလူမျိုးမှာ ၊ ခိုင်မာစွာတည့်

ပျူစာကိုကြည့် ၊ သိနိုင်၏ ။

 

မွန်လူမျိုးမှာ ၊ ခိုင်မာစွာတည့်

မွန်စာကိုကြည့် ၊ သိနိုင်၏ ။

 

မြန်မာစာက ၊ သက်သေပြသည်

တို့ကမြန်မာ ၊ လူမျိုးပါတည့် ။

 

မြန်မာလူမျိုး ၊ ဘယ်ချောင်ထိုး၍

လူမျိုးဗမာ ၊ ဆိုရာအံ့နည်း ။

 

ဗမာဟူက ၊ စာပေပြစေ

မပြနိုင်က ၊ အမှန်ပြသည့်

ရာဇကုမာရ် ၊ ကျောက်ထက်စာမှ

မြန်မာလူမျိုး ၊ ကမ္ပည်းထိုးသည့်

မျိုးရိုးမြန်မာ ၊ သမိုင်းလာကို

သိပါမှတ်ပါ ၊ လက်ခံပါလော့ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၃ ခုနှစ်၊ မေလ ၂၉ ရက် နံနက် ၂ နာရီ ၁၂ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *