NUG News

0 0
Read Time:7 Minute, 39 Second

တော်လှန်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်များကို မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်လုပ်ဆောင်ကြ ရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း (ရုပ်သံ)

 

D Day News

ဧပြီလ ၅

 

တော်လှန်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်များကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ဆောင်ကြ ရန် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးက တိုက်တွန်းပြောကြားသည်။

 

ယမန်နေ့ ဧပြီလ ၄ ရက်နေ့ကအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကြီးမှူးကျင်းပသော ဒုတိယ ကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအစိုးရတစ်ရပ်လို့ ခံယူပြီး နွေဦး တော်လှန်ရေးကို စုပေါင်းချီတက်နေကြပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးကာလကို အရေး ပေါ်ကာလလို့ ခံယူပြီး ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲသည့်လို ထိရောက်ဖို့အတွက် တော်လှန်ရေးမဟာဗျူဟာ လုပ်ငန်းစဉ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့နဲ့ လွယ် ကူ ရှင်းလင်းစွာ သက်ရောက်နိုင်ဖို့လည်း အထူးလိုအပ်တယ်လို့ ခံယူပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လေးလံနှေးကွေးတဲ့ ဖြစ်စဉ်ဇယား တွေကို ဖြတ်သန်းနေလို့ မရပါဘူး။ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြစ်အောင်လည်း လုပ်ကြရပါ မယ်၊ တတ်နိုင်သမျှ လွယ်ကူရှင်းလင်းအောင်လည်း လုပ်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် လုပ်သမျှတိုင်း သော အမှုကိစ္စတိုင်းဟာ တော်လှန်ရေးအတွက် ထိရောက်သော သက်ရောက်မှု ဖြစ်ဖို့ အထူးလို အပ်ပါ တယ်။ ဒီလို ခံယူချက်နဲ့ လူထုတော်လှန်ရေးတာဝန်တွေကို ကြိုးပမ်းထမ်းဆောင်နေတာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

တော်လှန်ရေးဆိုသည်မှာ လူထုအားလုံး တစ်ပေါင်းတစ်စည်းတည်း ညီညွတ်စွာ အတူ လိုက်ပါ နိုင် ရေး ကြိုးစားတည်ဆောက်ရခြင်းဖြစ်ပြီး လက်ရှိကာလသည် ခေတ်သစ်၊ စနစ်သစ်ကို တော်လှန် ရေးနည်းအားဖြင့် တည်ဆောက်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

 

“ကျွန်တော်တို့ အားလုံးဟာ စိတ်ရောကိုယ်ပါ ပင်ပန်းကြရမယ့်ကိစ္စတွေ ရှိနေပါတယ်။ ဘယ်လိုပဲနေ ပါစေ လူထုရဲ့ ပင်ပန်း နွမ်းနယ်မှုဟာ ကျွန်တော်တို့တတွေထက် အဆပေါင်းများစွာ ပိုလွန်တယ်ဆို တာ မေ့လို့ မရဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လူထုကို အလုပ်အကျွေးပြုဖို့ ဖြစ်တည်လာ ကြတဲ့ သူတွေဖြစ်ကြောင်း နှလုံးသွင်းစေချင်ပါတယ်။ တော်လှန်ရေးဟာ လူထုအတွက် ဖြစ်ပြီး၊ လူထု က ဆင်းသက်တဲ့ တော်လှန်ရေးဆိုတာကိုလည်း မမေ့ဖို့ အထူးလိုအပ်ပါတယ်။” ဟု နိုင်ငံတော်ယာယီ သမ္မတ ဒူဝါလရှီးလက သတိပေးထားသည်။

 

တိုင်းပြည်နှင့် လူထုကို အာမခံချက်ရှိသော၊ လွတ်လပ်ခွင့်နှင့် လူမှုတရားမျှတသော လူ့အဖွဲ့အစည်း ဖြစ် ထွန်းစေရန် ခေတ်ဟောင်း၊ စနစ်ဟောင်းက စရိုက်ဟောင်း၊ အကျင့်ဟောင်းများကို ခဝါချခဲ့ကြ ရန်နှင့် ယခုဖြစ်ထွန်းနေသည့် အခြေအနေတစ်ရပ်လုံးသည် လူ့အဖွဲ့အစည်းအသစ်၊ စနစ်သစ်၊ အခင်း အကျင်းအသစ်ဆီကို ဦးတည်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အတွေးအခေါ်သစ်များကို လက်ကမ်း ကြိုဆိုဖိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

“မတူကွဲပြားတဲ့သဘောထားတွေကို လက်ခံကြိုဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပိုပြီး ခိုင်မာကျစ်လစ်အောင် တည်ဆောက်ဖို့ လိုတယ်လို့ ယုံကြည် ပါတယ်။ စည်းလုံးညီညွတ်သော အင်အားစုအတွင်းမှာ အတွေးအခေါ်သစ်၊ ယဉ်ကျေးမှုသစ်‌တွေကို မျှခြေညီအောင် ကြိုးစား တည်ဆောက်လို့ ရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ထို့အပြင် နွေဦးတော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ လူထု၏ ဝန်ထုပ်ဝန်ပိုးကို ပေါ့သထက်ပေါ့ အောင် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပြီး လူ၏ အသက်၊ သွေး၊ ချွေးပေးဆပ်မှုကို မေ့မထားကြရန် သတိပေးထားသည်။

 

“လူထုက ထမ်းပိုးထားရတဲ့ ဘေးဒုက္ခတွေဟာ တော်လှန်ရေးအချိန်ကြာလာသည်နဲ့အမျှ ပိုမိုလေးပင် လာတာမျိုး မဖြစ်စေဘဲ၊ လူထုရဲ့ ဝန်ထုပ်ဝန်ပိုးကို ပေါ့သထက် ပေါ့အောင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း ကြိုးစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နွေဦးတော်လှန်ရေးတစ်ခုလုံးဟာ လူထုရဲ့ အသက် သွေး ချွေးတွေနဲ့ ရင်းနှီးမြှုပ်နှံထားကြတဲ့ တော်လှန်ရေးဆိုတာကို မေ့လို့ မရဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဟာ အရင်းအနှီးသိပ်ကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်သင့်တဲ့ ကိစ္စတွေကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီး လူထုရဲ့ မျက်နှာကို ငဲ့ကွက်ကြဖို့ အထူးလိုအပ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးစကားပြောဆိုထားသည်။

 

ယခုအခါ အကြမ်းဖက်စစ်ကောင်စီ၏ ယိုယွင်းပျက်စီးမှုကို လက်တွေ့ကျကျ မြင်တွေ့ရပြီဖြစ်ပြီး နွေဦးတော်လှန်ရေးခရီးအဆုံးအထိလျှောက်ကြရန်ကြရန်နှင့် တော်လှန်ရေးအလွန်ကာလတွင် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ရေး ယခုကတည်းက တည်ဆောက်ထားကြရန်နှင့် လက်နက် ကိုင်ပဋိပက္ခအသစ် ပြန်လည် မပေါ်ပေါက်ရေး နိုင်ငံရေးသတိရှိရှိဖြင့်ကြိုးစားကြရန် တိုက်တွန်းထား သည်။

 

ကျွန်တော်တို့ နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခအသစ် ပြန်လည် မပေါ်ပေါက်အောင်လည်း နိုင်ငံရေး သတိရှိရှိ ကြိုးစားရမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ နွေဦးတော်လှန်ရေးအင်အားစု အားလုံးဟာ ငြိမ်းချမ်းတည်ငြိမ်သော လူ့ဘောင်အဖွဲ့အစည်းဆီကို ဦးတည်သွားနိုင်ဖို့ လိုအပ်ပါတယ်။ လူထုက ရသင့် ရထိုက်တဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကိုလည်း အာမခံချက်ရှိရှိ တည် ဆောက် ထားနိုင်ဖို့ အလေးအနက်ထား ကြိုးစားရမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်သမ္မတဒူဝါလရှီးလ ကပြောကြားသည်။

 

ယခုတော်လှန်ရေးတစ်ခုလုံးသည် လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံမှ တော်လှန် တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး မကြာမီနှစ်ကာလအပိုင်းအခြား၌ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းကာ တိုင်း ပြည်သစ်ကို ပြည်သူလူထုနှင့်အတူ မျက်ဝါးထင်ထင်မြင်တွေ့ရတော့မည်ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *