Pakokku News

0 0
Read Time:2 Minute, 33 Second

ပခုက္ကူမြို့၊ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားများကို အနီးကပ်ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၃၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်စောင့်စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် ပခုက္ကူမြိုမစျေး၊ လွတ်လပ်ရေးပန်းခြံ အနောက်ဘက်ရှိ စစ်ကောင်စီလက် အောက်ခံ မြန်မာ့စီးပွားရေးဘဏ်ရှေ့ မီနီအိုးဝေပေါ်ရှိ စစ်သား များအနီးကပ် ခြောက်လုံးပြူး သေနတ်ဖြင့် ၃ ချက်တိတိပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးမှာ နားထင် ၂ ချက်နှင့် လည်ပင်း တစ်ချက် ကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါစစ်သားကို ပစ်ခတ်နေစဉ် ယာဉ်ထိန်းရဲ ၃ ဦးမှာ ဘဏ်ထဲသို့ ပြေးဝင်သွားကြောင်း သိရသည်။

ထိုသို့ ဝင်ရာက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာသည် ပခုက္ကူမြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်သာ ကွာ ဝေးပြီး သေဆုံးသွားသော စစ်သားမှား ခမရ ၂၅၃ တပ်ရင်းမှ ဖြစ်ကာ ၎င်းကိုင်ဆောင်ထားသော MA 3 အမျိုးအစား သေနတ် ၁ လက် နှင့် ၅.၅၆ ကျည်အမျိုးအစား ၂၄ တောင့်ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း-၃ တပ်ခွဲ ၄ နှင့် DLP တို့တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ၁ စီး ဆုံးရှုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သား၊ ပျူများ ရောက်ရှိလာကာ ရဲစခန်းနှင့် စီးပွားရေး ဘဏ်အနီးသွားလာသော ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း၊ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သတိဖြင့်သွားလာနေထိုင်ပေးကြပါရန် မြိုင်ပကဖက ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *