Myaung News

1 0
Read Time:2 Minute, 49 Second

မြောင်၊ ကျောက်ရစ်စခန်းကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦး ထပ်မံသေဆုံး

 

D Day News

ဩဂုတ်လ ၃၀

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်သား ၆ ဦးထပ်မံသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၂၃ ရက် နံနက် ၈ နာရီခန့်စ၍ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီ၏ နယ်မြေရဲစခန်းကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့်အတူ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး ၊ လက်နက်ငယ် ၊ Multi Wings ၊ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wings Drone များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ရေစကြိုမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းပစ်ကူကြောင့်ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ အကြမ်းဖက်စစ်သားများအနက် ဩဂုတ်လ ၂၈ ရက်နေ့က ၆ ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။

 

“၆ ဦးထပ်သေတာ။ ဒဏ်ရာရတဲ့သူတွေထဲနေ သေနိုင်တဲ့သူတွေလည်းရှိသေးတယ်လို့ သိရတယ်။ ပထမ သတင်းရတာက ၇ ဦး၊ ၄ လောင်းတစ်ခါမြှုပ်တယ်၊ ၃ လောင်းတစ်ခါမြှုပ်တယ်။ အခုက ထပ် သေတာက ၆ ဦး စုစုပေါင်းသေတာ ၁၃ ဦးရှိပြီ။” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF စစ်ကြောင်းမှ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း ၊ Sagaing District Drone Force (SDDF) ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ သွေးသောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မိတ္ထီလာ ခရိုင် အမှတ် ၂ တပ်ရင်း ၊ CDSOMမြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စင်္ကြာ စစ်ကြောင်း၊ MRF (စားဖို) စစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *