အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား အကြမ်းဖက်စစ်ကောင်စီ၏ လုံ/ကြမ်းအဖွဲ့ ဖွဲ့စည်းရာတွင် ပူးပေါင်း ပါဝင် သူများကို ထိရောက်စွာအရေးယူမည်ဟု မွန်ပြည်သစ်ပါတီ – AD ကြေညာ
D Day News
ဩဂုတ်လ ၃၀
အသက် ၃၅ နှစ်မှ ၆၅ နှစ်အကြား အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့တွင် ဦးဆောင်ပါဝင်သူများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ -AD က ကြေညာသည်။
ဩဂုတ်လ ၁၆ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရပ်ကွက်နှင့်မြို့နယ်အဆင့်တွင် အကောင်အထည်ဖော်ရန်အတွက် အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား ပြည်သူလူထုကို အတင်းအဓမ္မလိုက်လံခေါ်ယူနေကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် အဖက်ဖက်မှ တိုက်ခိုက်ခံနေရပြီး တပ်သား ထွက်ပြေးမှုများပြားခြင်း၊ လက်နက်ချအညံ့ခံမှုများပြားခြင်း၊ တပ်စခန်းများ သိမ်းပိုက်ခံနေရခြင်းတို့ ကြောင့်အင်အားလျော့နည်းလာသည်ကို ပြန်လည်ဖြည့်တင်းရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်စစ်အင်အား ပြန်လည်ဖြည့်တင်းကာ စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် မည် သည့်လုပ်ရပ်မဆို ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ကျိုက်မရောမြို့နယ်၊ ကော့ကရိတ်မြို့နယ် ၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး( မြောက် ပိုင်းမြို့နယ်နှင့် ရေဖြူမြို့နယ်တို့အတွင်းရှိ မြို့နယ်၊ ဒေသ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များအနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီဖွဲ့မည့် လုံ/ကြမ်းအဖွဲ့အတွက် ပြည်သူများစုဆောင်းခေါ်ယူမှု မပြုလုပ် ရန် ထုတ်ပြန်လိုက်ညွှန်ကြားလိုက်ကြောင်း သိရသည်။
ယခုအမိန့်ညွန်ကြားချက်ကို မလိုက်နာသည့် မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင် သူများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
D Day News