Poem

0 0
Read Time:1 Minute, 30 Second

ကဗျာကဏ္ဍ “တော်လှန်သစ္စာ”

 

ပျိုးကြဲလက်

 

တိမ်ပိုးချည် လွှာရုံပျက်ကယ်နဲ့

လှရက်ပါ့ လစန္ဒာ ။

မိုးယံမှာ ကိုယ်ရောင်ဝင်း

မင်းထိန်ထိန်သာ ။

တောင်တန်းနှင့် လဝါဝါ

ညပုံလွှာ တင့်ထူး ။

အိမ်လွမ်းမောင် လရောင်ဆမ်းက

တမ်းတလို့ရူး ။

 

ဝါးနှီးဖြာ ကွပ်ပျစ်ခင်းကွယ့်

တောင်ခြေရင်း စခန်းသာ ။

ခါတရံ ထန်းလက်ထိုးလို့

ကပ်မိုးကပ်ကာ ။

တော်လှန်ဆဲ ကာလမှာ

နေရတာ အခြေဆိုး ။

ဂျီးမများပေါင်

မီးတအားလောင် ပြည့်သောကကို

တိုးထမှာစိုး ။

 

ပြည့်မေတ္တာ ပြည့်ဒါနကိုလ

ဝေမျှလို့ စေတနာပို ။

လူထုမှာ ထောက်ပံ့ပေး

ချွေးနဲစာကို ။

မွေးနေ့နှင့် အလှူဆို

ရသာပို ရှိသား ။

အခွင့်မသာ ကြမ္မာကင်းရင်ဖြင့်

ထမင်းခြောက်စား ။

 

ပုလဲသွယ် မျက်ရည်စက်ကိုလ

ကွယ်ဝှက်လို့ တိုက်ပွဲဝင် ။

လူထုပင် အံကိုခဲလို့

ငိုပွဲတွေဆင် ။

စနစ်ဆိုးရဲ့ ဒဏ်ရာထင်

ရင်နှင့်အမျှ ခံစားရ ။

ပြည်သူတွေ မျက်ရည်ကျအောင်

ဆိုးပါ့ယုတ်ပါ့ ။

 

လစန္ဒာ ရောင်ဝါနုကို

သစ္စာပြု တိုင်တည် ။

အာဏာရှင် အမျိုးယုတ်

ပြုတ်စေရမယ် ။

ထိုးခုတ်လို့ ရန်ပယ်

အန္တရာယ် အလီလီဖယ်ရှား ။

ရွှေမြေမှာ ဘယာဝေးလို့

အေးကြစေသား ။ ။

 

ပျိုးကြဲလက်

 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ နံနက် ၅ နာရီ ၅ မိနစ်

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *