Taung Tha News

0 0
Read Time:3 Minute, 58 Second

တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း၊ စေတီ၊စာသင်ကျောင်းနှင့် နေအိမ်အချို့ထိခိုက်ပျက်စီး

 

D Day News

ဩဂုတ်လ ၂၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း၊ ဘုရားစေတီ၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ည ၈ နာရီခန့်က တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီး ကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် တက်လာပြီး ဗုံးသီး ၅ လုံးကျဲချ တိုက် ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

“ဘာတိုက်ပွဲမှမရှိပါဘူး။ အဲဒီကျွဲတလင်းဆိုတာက ပျူရွာ၊ လွန်ခဲ့တဲ့ လပိုင်းကပဲ ကျနော်တို့ တိုက်ခိုက် ပြီးတော့ လက်နက် ၁၀ လက်သိမ်းထားတဲ့ရွာ။ သုံ့ပန်း ၄ ယောက်မိထားတဲ့ရွာ။ အဲဒီရွာမှာက ကျနော် တို့ကို ထောက်ခံတာ အိမ်ခြေ ၃၀ လောက်ပဲရှိတာ၊ ကျန်တဲ့အိမ်ခြေ ၁၀၀ က သူတို့ဘက်ကို ထောက် ခံတဲ့ သူတွေ၊ သူတို့ဘက်ကလူတွေ တိုက်ခိုက်ခဲ့လာတဲ့သဘောပဲ။ပြီးတော့ ပြည်သူတွေ ပုန်းအောင် နေတဲ့နေရာတွေပါ လိုက်ချသွားတာ။ အဓိကတော့ လူနေအိမ်အဆောက်အအုံတွေ ပစ်မှတ်ထားပြီး တိုက်ခိုက်တာ။” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုခံရသည့် ကျွဲတလင်းရွာသည် စစ်တပ် အသိုင်းအဝိုင်းမိသားစုဝင်များ၊ လက်နက်ကိုင် ပျူစောထီးများနှင့်မိသားစုဝင်များ အများဆုံးနေထိုင် ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျွဲတလင်းပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်စဉ်က ဖမ်းမိခဲ့သည့် သုံ့ပန်းများကို ကောင်းမွန်စွာထိန်းသိမ်းထားသည့်အပြင် ကျေးရွာနေ မိသားစုဝင်များကိုလည်း ကောင်းမွန်စွာနေထိုင်ခွင့်ပေးထားကြောင်းသိရသည်။

 

“ကျနော်တို့က ဖမ်းမိခဲ့တဲ့သူတွေကိုကောင်းမွန်စွာ ကျွေးထားတယ်၊ သူတို့မိသားစုဝင်တွေကိုလည်း ဘာမှ တိုက်ခိုက်တာမျိုးမလုပ်ဘူး။ အဲဒီရွာမှာ တစ်ချို့ပျူတွေက လက်နက်ချအလင်းဝင်ထားတဲ့သူ‌ တွေရှိတယ်။ အဲဒီဟာတွေကိုလည်းကောင်းကောင်းမွန်မွန်နေထိုင်ခွင့်ပေးထားတယ်။ အဲဒီမှာဆို လေတပ်က မိသားစုတစ်စုရှိတယ်၊ ပြီးလို့ရှိရင် ပျူခေါင်းဆောင်ရဲ့မိသားစုတွေရှိတယ်၊ သူတို့ဆိုရင် ကျနော်တို့သွားလာနေတာတွေကို သတင်းထောက်လှမ်းပေးနေတာတောင် သိသိကြီးနဲ့ လွှတ်ပေး ထားတာ။ ကျနော်တို့ဘာမှမလုပ်ဘူး၊ အဲလို သူတို့ကိုထောက်ခံတဲ့သူတွေတောင် လေကြောင်းက နေတိုက်ခိုက်နေတာ။” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *