Taunggoo News

0 0
Read Time:1 Minute, 57 Second

တောင်ငူလေတပ်ဌာနချုပ်စခန်းကို ကာမီကာဇေဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၅ ဦးထက်မနည်း သေဆုံး

 

D Day News

ဩဂုတ်လ ၂၆

 

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ငူလေတပ်ဌာနချုပ်စခန်းထဲသို့ ကာမီကာဇေဒရုန်း၊ ရှော့ တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က တောင်ပိုင်းစစ်ဒေသ JOC ၏ ညွှန်ကြား မှု၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူ‌လေတပ်စခန်းဌာနချုပ်ကို “Rain of Fire” စစ်ဆင်ရေးဖြစ် ကာမီကာဇေဒရုန်း၊ ၁၁၄ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကာင်စီ၏ လေတပ်စခန်းဌာနချုပ်အတွင်း ထိခိုက်၊ သေဆုံး ပျက်ဆီးမှုများ ရှိခဲ့ပြီး ကနဦးသတင်းများအရ အကြမ်းဖက် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက် မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း၊ ထိခိုက်ပျက်စီးမှုများကိုလည်း အ တည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ “Rain of Fire” စစ်ဆင်ရေးကို စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူးဝါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း (၅)) တပ်မဟာ (၂) အထူးတပ်ရင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်မတာ် တောင်ငူခရိုင် အမှတ်၂ တပ်ရင်း (၃၅၀၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *