Magway News

0 0
Read Time:2 Minute, 41 Second

ငဖဲမြို့နယ်၊ လင်းတဲကျေးရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၆

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လယ်တဲကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်း ကာကွယ်ရေးတပ် (ACDF) မှ ထံမှ သိရသည်။

 

ဩဂုတ်လ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ငဖဲမြို့နယ်၊ မင်းဘူး – အမ်း ကားလမ်းမ‌ပေါ်ရှိ တုံးကြီး ကျေးရွာအနီး လက်ဖက်ခြံနှင့် တုံးကြီးကျေးရွာ လမ်းဆုံကြားရှိ လက်ဖက်ခြံစခန်းကုန်းပေါ်တွင် တပ် စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် လင်းတဲကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ဖြင့် ကင်းရှည် စစ်ကြောင်း ထွက်လာစဉ် အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ် ပူးပေါင်း တပ်တို့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်အကြာ ဖြစ်ခဲ့ကြောင်း သိရ သည်။

ယင်းထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၂) ဦး ပွဲချင်းပြီးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ဝရုန်းသုန်းကားဖြင့် နောက်ပြန် ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် MA3 အမျိုးအစား သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ်- ACDF ၊ New Society Army – NSA နှင့် People Independent Army (PIA) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ငဖဲမြို့နယ်၊ အရှို(ချင်း)ကျေးရွာ တောင်ပေါ်ဆယ်အုပ်စုအတွင်း ရှိ ပြည်သူပိုင်ပစ္စည်းများဖြစ်သော ဆိုင်ကယ်များကို အတင်းအဓမ္မလုယူခြင်း၊ ပြည်သူပိုင်ဥယျာဉ်ခြံ အတွင်းရှိ သီးနှံများ ခိုးယူစားသုံးခြင်း၊ ပြည်သူများကိုခြိမ်းခြောက်ခြင်းတို့ မကြာခဏ ပြုလုပ်သောင်း ကျန်း‌လျက်ရှိပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုပဲ တော်လှန် ရေး တပ်ဖွဲ့များဘက်မှ ရပ်တည်ပေးပါရန် နှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *