Myaing News

0 0
Read Time:2 Minute, 7 Second

မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာ ပျူစစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူးမင်းသိန်းကျော်အပါအဝင် ၅ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၅

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမင်းသိန်းကျော် အပါအဝင် ၅ ဦးသေဆုံးပြီး ၎င်းတို့၏ ရုပ်အလောင်းများကို‌တွေ့ရှိခဲ့ကြောင်း Earthquak People’s Defence Force ထံမှ သိရသည်။

 

ဩဂုတ်လ ၂၃ ရက် နံနက် ၄ နာရီခွဲအချိန်တွင် မြိုင်မြို့နယ်၊ သရက်ကန်ပျူကျေးရွာသို့ ဆုတ်ခွာလာ ပြေးသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ် ကြီး ခင်မောင်လွင်၊ တပ်သားရဲရင့်သွေး၊ အမည်မသိတပ်သား ၂ ဦး အလောင်းနှင့် ၈၁ မမ အဖူး၊ ၄၀ မမ အဖူး၊ RPG အဖူး နှင့် စစ်အသုံးအဆောင်များစွာ ထပ်မံသိမ်းစည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲတွင်း၌ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရရှိခဲ့ပြီး လူသားချင်း စာနာမှုဖြင့် ကောင်းမွန် စွာ ထိထိန်းသိမ်းထားကြောင်း သိရသည်။

 

ယင်းတိုက်ပွဲတို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု jet fighter နှင့်၂ ကြိမ် Mi35 နှင့် ၁ ကြိမ် စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူ နေရာများကို အဓိက ထား တိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲများကို ကျွန်ပ် တို Earthquak People’s Defence Force၊ ပခုက္ကူတပ်ပေါင်းစု (Earthquake Ppdf၊ Young Force၊ Hunter pku ၊Thu Rain TR)၊Justice Revolution Force၊ ပခုက္ကူခရိုင်တပ်ရင်း (၂/၆/၇)၊ အညာမြေတပ်ပေါင်းစု၊ ဝံပုလွေပပြာက်ကြားတပ်ဖွဲ့၊ နှင့် မြိုင်ပကဖ၊ မြိုင်ပကဖ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *