Myingyan News

0 0
Read Time:3 Minute, 51 Second

မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု ၃ ပွင့်အရာရှိတစ်ဦးအပါအဝင် ၂ ဦး ထက်မနည်းသေဆုံး

 

D Day News

ဩဂုတ်လ ၂၅

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အကြမ်းဖက်စစ် သားများနှင့် စစ်တပ်စစ်ကြောင်းကို ၃ ကြိမ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၃ ပွင့်အရာရှိတစ်ဦးအပါအ ဝင် ၂ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် အမှတ်တပ်ရင်း MGN Tiger PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁၆ ရက် နေ့က နွားထိုးကြီးမြို့နယ်မှ မြင်းခြံ -နွားထိုးကြီးကားလမ်းအတိုင်း စစ်ကြောင်း ထိုးလာကာ မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာ ဘုရားဝင်းအတွင်း ဝင်ရောက်တပ်စွဲနေရာယူသည့် အ ကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်သား ၁ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ပြီး ကျန်စစ်သားများအားလုံး ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ ဆုတ်ခွာထွက်ပြေးသွားသည့်အကြမ်းဖက်စစ်သားများထဲတွင်လည်း ထိခိုက် သေဆုံးသူများရှိနိုင်ကြောင်း မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ပွဲအတွင်း မြင်းခြံမြို့ပေါ်ရှိ ခမရ ၁၅ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ပဲ နယ်မြေရှင်းလင်း ရေးလုပ်ဆောင်ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၁၄ ရက်‌ နံနက် ၁၀ နာရီခန့်ကလည်းမြင်းခြံမြို့နယ်၊ သစ်ပင်ရှည်ကျေးရွာသို့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ် ခန့်အကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုများပြားကာ ခမရ ၁၅ တပ် ရင်းအတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

ထို့နောက် ညနေ ၃ နာရီခန့်တွင် မြင်းခြံမြို့ပေါ်မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်းပြီး ပျော်ဘွယ်စံပြကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ၃ ပွင့်အရာရှိတစ်ဦးအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း မြင်းခြံမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်မှုရှိခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း -MGN Tiger PDF ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ LACR Myingyan ၊ MP9 Brothers PDF နှင့် Hero Myingyan တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *