AA News

0 0
Read Time:5 Minute, 0 Second

မောင်တောမြို့ကို မကြာမီသိမ်းပိုက်ရရှိတော့မည်ဟု AA ကြေညာ၊

 

  • တွဲမြိုနှင့်ကပ်လျက်ရှိသော ကျိန္တလီမြို့အပါအဝင် မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများပြင်းထန်လျက်ရှိ

 

D Day News

ဩဂုတ်လ ၂၅

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို မကြာမီအချိန်အတွင်းအပြီးသတ် သိမ်းပိုက်ရရှိတော့မည်ဖြစ် ကြောင်း ရခိုင့်တပ်တော် – AA က ယမန်နေ့ ဩဂုတ်လ ၂၄ ရက် ညပိုင်းက ထုတ်ပြန်သည်။

 

အာရက္ခတပ်တော်သည် အာရက္ခဒေသတွင်းရှိ လက်ကျန်မြို့များထဲမှ မောင်တောမြို့နှင့် ကျိန္တလီမြို့ များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊  တစ်နည်းအားဖြင့် မောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲအား ဆင်နွှဲနေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့ အတွင်း ခံစစ်ပြင်ဆင်ထားသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့ များ အပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက် တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်း များ ကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

 

ဩဂုတ်လ ၄ရက်နေ့တွင် မောင်တောမြိုသိမ်းတိုက်ပွဲအား စတင်ခဲ့သော်လည်း မောင်တောမြို့ပတ် ဝန်းကျင် ရှိ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန်အတွက် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း ၂၀ ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ ဖက်ဆစ် စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခု မကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသဖြင့် မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်း ထန် နေဆဲဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သော ဖက်ဆစ် စစ်ကောင်စီသည် ၎င်းတို့၏ ယုတ် မာသောအကျင့်အတိုင်း မောင်တောမြို့အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများအား မီးရှို့ ဖျက်ဆီး ခြင်းများပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

ထို့သို့ မောင်တောမြို့တိုက်ပွဲမှ ထွက်ပြေးနေသူများအပါအဝင် ခုခံစစ်များကိုဆင်နွှဲနေသော အကြမ်း ဖက်စစ်တပ်နှင့် အပေါင်ပါသူများအားလုံးကို ရခိုင့်တပ်တော် -AA တပ်ဖွဲ့က လိုက်လံချေမှုန်း လျက်ရှိ ကြောင်း သိရသည်။

မောင်တောမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထွက်ပြေးလွတ်မြောက်နေသည့် ဖက်ဆစ် စစ်ကောင် စီတပ်ဖွဲ့ဝင်များ၊ ရန်သူ့ အကြမ်းဖက်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO အစွန်းရောက်လက်နက်ကိုင်မူဆလင်များနှင့် ၎င်းတို့လက်ပါးစေများကို ယခုရက်သတ္တပတ်များ အတွင်း နေ့တိုင်းဖမ်းဆီးရမိသကဲ့သို့ ၎င်းတို့အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊  လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

တစ်ပြိုင်နက်တည်းတွင်  သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိ သော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး အကြမ်းဖက်စစ် ကောင်စီ တပ်ကလည်း ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိကြောင်း သိရသည်။

 

အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့ များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံသည့်စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *