ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို တစ်လခန့်အကြာပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီး (ရုပ်သံ)
D Day News
ဩဂုတ်လ ၂၄
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲကင်းခစန်းကို တစ်လခန့်အကြာ ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ ထံမှ သိရ သည်။
ဇူလိုင် ၂၅ ရက်နေ့မှစတင်၍ ရေစကြိုမြို့နယ် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များက ပိတ်ဆို့ထားခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၂ နာရီခန့်အချိန်တွင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။
ထိုသို့ သိမ်းပိုက်ရရှိသည့် စခန်းအတွင်းမှ Jammer စက်အကြီး ၁ လုံး၊ M79 တစ်လက်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ အီနာဂါ ဗုံးသီး ၄ လုံး၊ G3 ကျည် အတောင့် ၂၈၀ ၊ ၉ မမ ကျည် အတောင့် ၅၀ ၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးစက်တစ်လုံး၊ ဘတ္ထရီအိုး ၂ လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ထိုသို့ သိမ်းဆည်းပြီးနောက် စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ နှင့် အတူ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော Salingyi Special Task Force – SSTF ၊ မြိုုင်ပကဖ ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းနှင့် ပခုက္ကူခရိုင်တပ်ရင်း ၉ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့အောင်မြင်ခဲ့ကြောင်း သိရသည်။
D Day News