Bago News

0 0
Read Time:2 Minute, 4 Second

“PDF လည်းဂရုစိုက်ဘူး။ ကြိုက်တဲ့အချိန်လာခဲ့”ဟု စိန်ခေါ်ကာ ကျေးရွာအတွင်းရှိ လူငယ်များကို အတင်းအဓမ္မ စစ်သား စုဆောင်းနေသူ ရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဩဂုတ်လ ၂၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ ငွေတူးကျောကျေးရွာတွင် “PDF လည်းဂရုစိုက်ဘူး။ ကြိုက်တဲ့အချိန်လာခဲ့” ဟု စိန်ခေါ်ကာ ကျေးရွာအတွင်းရှိ လူငယ်များကို အတင်းအဓမ္မ စစ်သား စုဆောင်းနေသူ ရာအိမ်မှူးတင်မြင့်ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွား ကြောင်း Dragon Brothers PDF – GBK ထံမှ သိရ သည်။

 

ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ည ၈ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ ငွေတူး‌ ကျော ကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးမြင့်တင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ အဖမ်းမခံပဲ ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ် ဖမ်းဆီးရာ သေနတ် ၂ ချက် ထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ရာအိမ်မှူးမြင့်တင်သည် အကြမ်းဖက်စစ်ကောင်စီအလိုကျ ကျေးရွာအတွင်းနေ လူငယ် များကို အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းခြင်း၊ ဒေသနေပြည်သူများအပေါ် ခြိမ်းခြောက် ငွေ တောင်း ခံခြင်း၊ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကိုလည်း ဂရုမစိုက်ဘူး။ ကြိုက်တဲ့အချိန် လာခဲ့ဟု” ဟု စိန်ခေါ်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် စိတ်ပါလက်ပါ အလုပ်လုပ် ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *