Bago News

0 0
Read Time:2 Minute, 2 Second

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း PDF သတင်းစုံစမ်းနေသော စစ်သားတစ်ဦးကို ဖမ်းဆီးရာ ပြန်လည် ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး၊ ပစ္စတိုသေနတ် တစ်လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၄

 

ပဲခူတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ PDF တပ်ဖွဲ့များ သတင်းစုံစမ်းရန် ရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၃ ရက် ညနေ ၄ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုအပိုင် ပဲခူးရိုးမ အတွင်းရှိ တောင်ယာတဲအတွင်း၌ အကြမ်းဖက်စစ်သား ၁ ဦး အရပ်ဝတ်ဖြင့် သတင်းစုံစမ်းရန်ရောက် ရှိနေကြောင်း သတင်းရရှိသဖြင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ ဗျူဟာစစ်ကြောင်းမှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရန်သွားရောက်စဉ် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ၁၅ ချက်ပစ်ခတ် ဖမ်းဆီးရာ သေ ဆုံးသွားကြောင်း၊ ယင်းအကြမ်းဖက်စစ်သားထံမှ ၉ မမ သေနတ် ပစ္စတို ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄ တောင့်၊ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် စစ်လွယ်အိတ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

သေဆုံးသွားသော စစ်ကောင်စီတပ်သားသည် မင်းလှမြို့နယ်အခြေစိုက် ခလရ (၁) တပ်ရင်းမှ တပ် သား “လက်ကပ်” ဖြစ်ပြီး ၄င်းသည် ကြို့ပင်ကောက်မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ကြီးရန်နိုင်စိုး နှင့် အတူနေ၍ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို လိုက်လံစုံစမ်းနေသူဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *